love?

4.2K 326 13
                                    

အချိန်တွေသာကုန်လာခဲ့သည်
သူမရဲ့ ထူးဆန်းမှုတွေသည်ရပ်တန့်မသွားခဲ့
တစ်စုံတစ်ခုကိုအမြဲတမ်းကြောက်ရွံဟန်ပြနေသော
သူမရဲ့မျက်ဝန်းတွေ
တစ်ခါတစ်လေအကြောင်းအရာရေရေရာမရှိ
စကားတစ်ခွန်းကိုထပ်ခါထပ်ခါပြောဆိုနေလေ့ရှိသည်
သူမရဲ့စကားတွေက
အဆက်အစပ်မရှိပေ...
မည်မျှပင်တွေးကာ
ထိုစကားတွေရဲ့အဓိပ္ပါယ်ကိုနားလည်ရန်ကြိုးစား
သော်လည်း မရခဲ့ပေ....

သုံးနှစ်တာကာလကုန်ဆုံးသွားသည့်နောက်တွင်
သူမနှင့်ကျွန်မရဲ့ဆက်ဆံရေးသည်အရင်လိုမဆိုးတော့
သော်လည်း ကောင်းမွန်သည့်အထဲတွင်တော့မရောက်
ရှိသေး.....

လွန်ခဲ့သောနှစ်များအတွင်းတွင်လည်း
သူမနှင့်ပတ်သတ်ပြီးကျွန်မသိခဲ့သည်က
သူမသည် မိဘမဲ့တစ်ယောက်
ကျွန်မထက် နှစ်နှစ်သာငယ်သောကောင်မလေး
အပြုံးအရယ်နည်းပြီး စကားနည်းတဲ့ ကောင်မလေးတစ်ယောက်... ထူးဆန်းတဲ့အပြုအမူတွေကို
ပြုလုပ်တတ်သူတစ်ယောက် ဖြစ်သည်

သူမဟုထင်ရှားစေသောအရာသည် သူမရဲ့
သွားတက်လေးဖြစ်သည်....
အပြုံးအရယ်နည်းသောသူမသည်
တစ်ခါတစ်ခါပြုံးလိုက်လျှင်ပေါ်လာသောသွားစွယ်
ဖွေးဖွေးလေးအောက် ကျွန်မငေးမောခဲ့ရဖူးသည် ...
အမှန်အတိုင်းဝန်ခံရလျှင်သူမသည်
ချစ်ဖို့ကောင်းသည့်ကောင်မလေးတစ်ယောက်ပင်...

ကျစ်! !!
သူမအကြောင်းကိုထပ်တွေးမိနေပြန်သည် ...
မကြာမီဖြေဆိုရတော့မည့်တက္ကသိုလ်ဝင်တန်းစာမေး
ပွဲအကြောင်းကိုတွေးမိပြန်တော့ စိတ်မောရပြန်သည်
ဂုဏ်ထူးဘယ်လောက်တော့ရသင့်သည်
ဆရာဝန်နှစ်ယောက်၏သမီးသည်ဆရာဝန်သာဖြစ်သင့်သည်ဟူသော တစ်ဖက်သတ်ဆန်သည့်ကန့်သတ်ချက်များအကြားတွင် လူသည်အလူးအလဲစိတ်ပင်ပန်းရ
သည်.....

နေ့နေ့ည ည ဆေးရုံတွင်သာအချိန်ကုန်ပြီး
မိမိအားလှည့်ပင်မကြည့်ခဲ့သည့်မိဘများကလည်း
စာမေးပွဲကြီးနီးကပ်လာသည့်တိုင်အောင်ပြောင်းလဲစွာ
ယောင်မှားစွာပင်ဂရုစိုက်ခြင်းမရှိခဲ့
အလုပ်များနေသည်ဟူသောအကြောင်းပြချက်
ဖန်တစ်ရာထပ်နေသောအကြောင်းပြချက်ဖြင့်သာ
နေသားကျစေပြန်သည်........

For Life..... (Z+U)Where stories live. Discover now