"သမီးငယ် ထူးထူးလေး အဆင်ပြေရဲ့လား "
"ဟုတ်ပြေပါတယ် မေမေကြီး "
"ဟုတ်ပါပြီဟုတ်ပါပြီ မေမေကြီးကနေသားမကျမှာ
စိုးနေတာ ""အစကတော့နေသားမကျဘူး အခုတော့မဆိုးဘူးလို့
ပြောရမယ် တစ်ယောက် တည်းအိပ်တတ်နေပြီ "မေမေကြီးတို့ကပြန်ရောက်ကတည်းက
သူတို့နဲ့အတူတူအိမ်မှာမနေဘူး
ဟိုတယ် မှာပဲနေကြတယ် သူ့သမီးနှစ်ယောက်
အနေကြပ်မှာစိုးလို့တဲ့....
ပြန်ရောက်နေတာနှစ်ပတ်ကျော်ကြာနေပြီဖြစ်ပေမယ့်
အခုတစ်ခါတော့မပြန်သေးပေ..."နွေးနွေး မေမေကြီးမေးစရာရှိတယ်
ဆွေးနွေးစရာရှိတယ်ဆိုရင်ပိုမှန်မယ်သမီးငယ်""ဟုတ်မေမေကြီး "
ခြံထဲကမလေးရှားပိတောက်ပင်ကြီးအောက်မှာထိုင်
ကာစကားပြောနေကြစဉ် မေမေကြီးဘက်မှ
အလေးအနက်မေးမြန်းလာမည့်မေးခွန်းတို့ကို
သူစောင့်မျှော်နေလိုက်သည်..."သမီး ဒေါ်မူယာခင်ကို လက်စားချေချင်စိတ်ရှိလား "
"မေမေကြီးက ဘာလို့ အဲ့မေးခွန်းကိုမေးတာလဲ"
"မေမေကြီးကသမီးငယ်ရဲ့စိတ်ကိုသိချင်လို့ပါ
တကယ်လို့လက်စားချေချင်ရင်တော့ မေမေကြီးတို့က
မကန့်ကွက်ဘူးသမီး...မေမေကြီးတို့တတ်နိုင်သလောက်ကူညီပေးမယ်.. "လက်စားချေချင်လားတဲ့
ဒီမေးခွန်းအတွက်အဖြေကိုသူမသိဘူး
သူဒေါ်မူယာခင်ကိုကြောက်သည် နာကျည်းသည်
သူဒီမိန်းမကြီးနဲ့ထပ်မပတ်သတ်ချင်တော့ဘူး
ဒါပေမယ့် သူ့ကိုလည်းခွင့်မလွှတ်နိုင်ဘူး
ဒီ့အတွက်သူဘာကိုရွေချယ်ရမလဲသူမသိဘူး"သမီးလေ....သမီး.."
"ရတယ်သမီးငယ် အချိန်ယူပြီးစဉ်းစားကြည့်ပါအုံး
တစ်ခုတော့ရှိတယ်သမီး သမီးငယ်ရဲ့အဖြေက
သမီးငယ်အတွက်စိတ်ကျေနပ်မှုကိုဦးတည်နေပါစေ
ကဲ... မေမေကြီးဆေးရုံကိုပြန်လိုက်အုံးမယ် ""ဟုတ်မေမေကြီး "
သူ့စိတ်တို့ကဝေခွဲ၍မရတော့
ထိုမိန်းမဘဝပျက်ဆီးတာကြည့်ပြီးအောင်ပွဲခံသင့်လား
ဒီအတိုင်းလေးပဲခွင့်လွှတ်ပေးလိုက်သင့်လား
သူမသိတော့ဘူး သူခေါင်းတွေတောင် မူးလာသလိုလိုမို့အပ်ခန်းထဲသို့ပြန်ဝင်လာပြီးတစ်ရေးလောက်မှေး
လိုက်သည်...
![](https://img.wattpad.com/cover/206968831-288-k266643.jpg)
YOU ARE READING
For Life..... (Z+U)
Randomဘဝအတွက်ရည်ရွယ်ခဲ့ရသူမို့ ရည်ရွယ်သူပျောက်ဆုံးခဲ့သောဘဝအတွက် အဘယ်သောအရာက နှစ်သိမ့်အံ့မည်နည်း..... ဘဝအတွက်ရည်ရွယ်ခဲ့ရသူမို့ ရည်ရွယ်သူပျောက်ဆုံးခဲ့သောဘဝအတွက် အဘယ်သောအရာက နှစ်သိမ့်အံ့မည်နည်း..... Girl × Girl #moonlight