I can't

2.3K 197 3
                                    

"ကျွန်မကိုဒီလောက်ထိလုပ်ခဲ့ပြီးမှ
ပျော်ရွှင်နေနိုင်သေးတာလား "

ဒေါ်မူယာခင် ဆိုသည့်မိန်းမရိုင်းကြီးမှာ
ရှေ့နေဦးလေးကြီးနှင့်ပေါင်းကာ အမွေတွေကို
အပိုင်စီးလိုက်သည်...

အရင်ကသူ့ကိုပိတ်လှောင်ထားသည့်သူရူးမတတ်
ကြောက်ခဲ့ရသည့် ထိုမိန်းမကြီး၏အိမ်မှာ တော့
အရင်ထပ်ပင်ခမ်းနားနေသေးသည်

"နွေး အဆင်ပြေရဲ့လား
ပြန်ကြတော့မလား "

ဘေးနားမှပခုံးကိုထိန်းကိုင်ပေးကာ
ပြောလာသည့်ထွဋ်ထွဋ်ဆီသို့
သူလှည့်ကြည့်လိုက်သည်...

"အင်း အဆင်ပြေပါတယ်..
ပြန်ကြမယ် အိမ်မှာမောင်လေးတစ်ယောက်ထဲ "

ကျလုဆဲဆဲမျက်ရည်တွေကိုထိန်းကာ
သူဒီအိမ်ကြီးအရှေ့မှထွက်လာခဲ့သည်
ဒီတစ်ခါလာတွေ့တာနောက်ဆုံးအနေနဲ့မို့လို့
ဒီကိုနောက်တစ်ခါဘယ်တော့မှလာမည်မဟုတ်တော့

အိမ်ကြီးနှင့်ခပ်ဝေးဝေးမှာရပ်ထားသည့်ကားဆီသို့
သူဖြေးဖြေးချင်းလျှောက်သွားလိုက်သည်

"ကလေး.. ! "

ရုတ်တရက်ဆယ်စုနှစ်တစ်ခုစာလောက်
ကြားယောင်နေခဲ့သည့်အသံတစ်ခုကကြားခံနယ်ကို
ဖြတ်ကာ သူမနားထဲဝင်လာခဲ့သည်

"ထွဋ်ထွဋ် နင်ငါ့ကိုခေါ်လိုက်သေးလား "

"ဘာလို့လဲ မခေါ်ပါဘူး "

မဟုတ်ဘူး တစ်ခုခုတော့မှားနေပြီ
ပတ်ဝန်းကျင်ကိုတစ်ချက်ဝေ့ကြည့်လိုက်တော့
သူတို့ဆီကိုဦးတည်လာတဲ့လူတစ်ယောက်

ဒီလူ ဒီပုံစံ ဒီအသံ နှင့်သူရင်းနှီးနေခဲ့သည်
သူ... သူ....

"ဆရာ ကဘယ်လိုလုပ်ဒီရောက်နေတာလဲ
ခွင့်ယူသွားတာမဟုတ်ဘူးလား "

ထွဋ်ထွဋ် ရဲ့စကားကြောင့် သူရပ်နေသည့်နေရာတွင်
ခဲသွားသလိုပင် ဆရာ?

"ဟားဟား Dr.ထွဋ်ထွဋ်အောင် ပတ်ဝန်းကျင်ကိုလဲ
ပြန်ကြည့်ပါအုံး ဒါကျွန်တော်မေးရမယ့်စကားပါ "

"Arr! Sorry ဆရာ ကျွန်မသတိလွတ်သွားလို့ "

ထွဋ်ထွဋ် နှင့်မတ်တပ်ရပ်ကာစကားဖောင်ဖွဲ့နေသည့်
ထိုဆရာဆိုသည့်လူကိုသူအကြည့်မလွှဲမိ
သူအမှတ်မမှားဘူးဆိုလျှင်
ထိုသူရဲ့အသံ......
ဘုရားဘုရား ဘာတွေဖြစ်ကုန်တာလဲ

For Life..... (Z+U)Where stories live. Discover now