Why?

5.9K 326 8
                                    

"ဖေဖေ တို့ သူ့ကိုမွေးစားလိုက်ပြီသမီး "

မယုံကြည်နိုင်စရာစကားတို့က
သူမကိုတုန်လှုပ်စေပါ၏

မနေ့တစ်နေ့ကတင် သူမတို့ကားနှင့်တိုက်မိပြီး
ဆေးရုံပေါ်ရောက်နေသည့်သူမက
အခု....

မဖြစ်နိုင်ပါ...
ဖေဖေနောက်နေတာဖြစ်လိမ့်မည်...

"Dad!  သမီးကိုမနောက်ပါနဲ့ "

"မေမေတို့သမီးကိုမနောက်ဘူးသမီး
အခုအချိန်ကစပြီး နွေးနွေး က သမီးရဲ့ညီမလေး
မေမေတို့ရဲ့သမီးငယ်ပဲ "

နွေးနွေးတဲ့လား...
Hak!  လာခြင်းမကောင်းတဲ့နင်က
ငါ့ဘဝကိုဘယ်အထိစိုးမိုးချင်သေးတာလဲ

"ဘယ်သူ့သဘောနဲ့လဲ.. ဘယ်သူ့သဘောနဲ့သူ့ကို
သမီးလက်မခံဘူးနော်လုံးဝကို "

လက်သီးတို့ကိုကျစ်ကျစ်ပါအောင်ဆုပ်၍
အံကိုတင်းတင်းကျိတ်ထားမိသည်...
ဖေဖေတို့ကိုကြည့်တော့လဲ သူမအပေါ်စိတ်ပျက်မှုတို့ကအတိုင်းသားပေါ်လွင်နေသည်

"ဖေဖေတို့ကသမီးသဘောကိုမေးနေတာမဟုတ်ဘူး
သမီးကိုအသိပေးနေတာ... မဆိုးပါနဲ့တော့
သမီးပဲ ညီမလေးတစ်ယောက်လောက်လိုချင်တယ်ဆို"

အဲ့တာပဲ.... ဖေဖေနဲ့မေမေဆိုတာ
သူတို့လိုချင်တဲ့ပုံစံရအောင်အမျိုးမျိုးနဲ့ပုံစံသွင်းယူကြတာ.. တစ်ခါတစ်လေ တော့တွေးမိသား
ထွဋ်ထွဋ်အောင် ဆိုတာသူတို့ရဲသမီးမှဟုတ်ရဲ့လားပေါ့

"Hak! ! ကန့်ကွက်လည်းလက်ခံမယ့်သူတွေမှမဟုတ်တာ... စိတ်ထဲရှိသလိုသာလုပ်ကြတော့ "

ခနဲ့သည့်ရီသံတစ်ခုကိုလုပ်ကြံဖန်တီးကာ
ကျလာတော့မည့်မျက်ရည်စက်တွေကို မျက်တောင်စိတ်စိတ်တွေနှင့်ခပ်မြန်မြန်ရိုက်ထုတ်လိုက်သည်
ထွဋ်ထွဋ်အောင် ကပျော့ညံ့တဲ့မိန်းမ မဟုတ်ဘူး...

ခြေလှမ်းတွေကိုအိပ်ခန်းဖက်သို့ဦးတည်လိုက်တော့
လှေကားခြေရင်းမှာရပ်နေတဲ့ ဖြူစုတ်စုတ်ကောင်မလေး....

ဖြစ်ရပ်ကိုအစအဆုံးမြင်လိုက်ဟန်တူသည့်ကောင်မလေးသည် သူမနှင့်မျက်နှာချင်းဆိုင်မိတော့
အကြည့်တို့ကိုအမြန်လွှဲကာကြမ်းပြင်ပေါ်သို့ ပို့ထားလေသည်..

For Life..... (Z+U)Where stories live. Discover now