more than

2.3K 174 11
                                    

"မမ မငိုပါနဲ့ ဘာလို့ငိုနေတာလဲ
နေမကောင်းလို့လား သားကိုပြော"

ကုတင်ပေါ်ထိုင်ပြီးမောင်ငယ်လေးကိုဖတ်ကာငိုမိသည်
သူတို့မောင်နှမဘာအပြစ်လုပ်မိလို့ပါလဲ...
နောင်ဘဝတွေများရှိရင်ဒီလိုအဖြစ်မျိုးထပ်မကြုံချင်
တော့ပါ...

"အင်း မမ နေကောင်းပါတယ်"

နှုတ်ခမ်းလေး တင်းတင်းစေ့ကာ
ခေါင်းလေးငုံ့နေသည့်မောင်လေးသည်
တအားလိမ္မာကြောင်း ဖေဖေနဲ့မေမေသိရင်
တအားဂုဏ်ယူနေမှာ...

"မမ တစ်လပြည့်တော့မယ် မေမေ့ ဆီလိုက်ပို့
အုံးနော်..."

"လိုက်ပို့မှာပေါ့မောင်လေးရဲ့ ဒီတစ်ခေါက်ရော
သူငယ်ချင်း တွေအတွက်ဘာဝယ်ပေးချင်လဲ "

"အင်း.. မုန့် မုန့် ပြီးတော့
ကားရုပ်ရယ် ဘိုမရုပ်ရယ် "

လက်ချောင်းလေးတွေချိုးကာလိုချင်သမျှကိုရေရွတ်
နေသောမောင်ငယ်လေးရဲ့ဆံနွယ်တို့ကိုသပ်တင်ပေး
လိုက်သည် ဒီကလေးလေးတောင်တော်တော်ထွားလာ
သည်.... ဖေဖေနဲ့မေမေဆီကမရခဲ့တဲ့မေတ္တာတွေကို
သူကအကုန်တတ်နိုင်သမျှပေးမှာမို့လို့ မေတ္တာခြုံလို့
နွေးထွေးပါစေမောင်ငယ်ရေ....

............ ............. ............

ဒေါ်မူယာခင်ကိုတရားစွဲဖို့အကုန်အဆင့်သင့်ဖြစ်နေပြီ
ုဖြစ်သည်... ဂေဟာကပြန်ရောက်တာနှင့်
စတင်၍တရားဆွဲမည်

အခုတော့မောင်လေးနဲ့သူဂေဟာသို့သွားနေကြသည်
ထွဋ်ထွဋ် ကဂျူတီဝင်နေရသည်မို့လို့ ဂျူတီချိန်ပြီး
တာနှင့်လိုက်လာလိမ့်မည်

လမ်းတစ်ဝက်ရောက်ချိန်တွင်အရှေ့မှပိတ်ရပ်သော
ကားတစ်စီးကြောင့်ရုတ်တရက်ကားဘရိတ်အမြန်အုပ်
လိုက်ရသည် ထို့နောက်ထိုကားပေါ်မှလူကြီး
သုံးယောက်ဆင်းလာကာ
သူတို့ကားဆီလျှောက်လာသည်

ဘယ်သူတွေမှန်းမသိတာကြောင့်ကားကို lock
ချထားသော်လည်းကားမှန်တံခါးများကိုရိုက်ခွဲကာ
သူတို့မောင်နှမနှစ်ယောက်ကိုဆွဲခေါ်သွားသည်
ရုန်းကုန်၍လည်းအားမမျှသည်မို့ပွန်းပဲ့ရာများသာ
ထပ်လာသည်.. ထို့နောက်
မျက်နှာပေါ်လာအုပ်လာသည့်အဝတ်စဆီမှခပ်စူးစူး
အနံ့ကြောင့်မကြာမီ အမှောင်အတိကျသွားတော့သည်

For Life..... (Z+U)Where stories live. Discover now