"လမ်းလျှောက်တက်မယ် "
"ကားနဲ့တက်မယ်ဟာ"
"လမ်းလျှောက်တက်ပါမယ်ဆို "
"နင်ကဟာ ညောင်းပါတယ်ဆို ကားနဲ့ပဲတက်မယ်"
"နင်တော်တော်ပျင်းနေလား တောင်ပေါ်ဒေသလာတာ
လမ်းလျှောက်တက်ရမှာပေါ့ "Wait! ! ဒီခရီးကိုလာဖို့ပူဆာခဲ့တာထွဋ်ထွဋ်အောင်ဖြစ်ပြီး မလိုက်ချင်ဘူးဟုအတန်တန်ငြင်းနေသော
နွေး အားမလိုက်လိုက်အောင်ဂျစ်ကျခဲ့သည်မှာလဲ
သူသာဖြစ်သည် ...အခုတော့တက်ကြွနေသည်မှာ မလိုက်ချင်ဘူးဟု
ငြင်းနေခဲ့တဲ့သူမ မဟုတ်တဲ့အတိုင်းပင်
ကြားထဲကသူမကငပျင်းမဖြစ်ရလေပြီ"ဒီလိုလုပ်ဟာ ရသေ့တောင်အထိကားစီးမယ်
ရသေ့တောင်ကနေတောင်ပေါ်ထိလမ်းလျှောက်မယ်
အိုကေလား"နှုတ်ခမ်းကိုတစ်တောင်လောက်ထော်ထားပြီး
မျက်စောင့်တစ်ဝင့်ဝင့်နှင့် နှာမှုတ်သံအရှည်ကြီးကို
တမင်လုပ်၍မကျေနပ်ကြောင်းပြကာ ခေါင်းငြိမ့်ပြတဲ့
သူမက ဘုရားစူး အရင်တုန်းကစကားနည်းပြီးအနေအေးတဲ့ကောင်မလေးလို့ပြောရင်ယုံနိုင်ဖွယ်မရှိပေ...ကားပေါ်ရောက်တော့လည်း အစွန်မှာထိုင်ချင်ပါတယ်လို့ပြောပြီးဂျစ်ကျပြန်သည်...
ကျိုက်ထီးရိုး လာဖို့ recommend ပေးခဲ့သည့်
ရှင်းခေတ်မင်း ဆိုသည့်ကောင်ကိုပဲမေတ္တာပို့ရတော့မလိုပင်...."အား ညောင်းတယ်ကယ်ကြပါအုံး မတက်နိုင်တော့ဘူး
ထွဋ်ထွဋ် ရေ.. ငါ့ကို... "ရသေ့တောင်ကနေဘယ်လောက်မှတောင်မတက်ရသေးဟောဟဲစိုက်နေသည့်သူမကိုမျက်စောင်းတစ်ချက်ပစ်ကြွေးလိုက်သည်....
"ဘာတဲ့.. တောင်ပေါ်ဒေသလာတာ လမ်းလျှောက်တက်သင့်တာပေါ့ဆို ဘယ့်နှယ့်ရှိစ ဂျစ်တူးမ "
"အမလေးအပြောတော့မခံနိုင်ဘူး
တက်မယ် တက်မယ်... "ပြောကာဆိုကာဖြင့်တောင်မွှေးကြီးတစ်ဒေါက်ဒေါက်
ထောက်ကာ လှိမ့်တိမ့် လှိမ့်တိမ့် နှင့်တက်ပြန်၏...
ဒီကလေးငယ်သည် ချစ်ဖို့ကောင်းနေသည့်တစ်ချိန်တည်းမှာပင်မြတ်နိုးဖွယ်ကောင်းနေပြန်သေးသည်...
YOU ARE READING
For Life..... (Z+U)
Randomဘဝအတွက်ရည်ရွယ်ခဲ့ရသူမို့ ရည်ရွယ်သူပျောက်ဆုံးခဲ့သောဘဝအတွက် အဘယ်သောအရာက နှစ်သိမ့်အံ့မည်နည်း..... ဘဝအတွက်ရည်ရွယ်ခဲ့ရသူမို့ ရည်ရွယ်သူပျောက်ဆုံးခဲ့သောဘဝအတွက် အဘယ်သောအရာက နှစ်သိမ့်အံ့မည်နည်း..... Girl × Girl #moonlight