"ကူညီပေးတာတော့ဟုတ်ပါပြီ နင်သဝန်မတိုဘူးဆို
တာသေချာလား "မယုံ သလိုမျက်ဝန်းတစ်ချို့ကရစ်ဝဲနေသည်
"ငါသဝန်မတိုဘူးလို့မပြောမိပါဘူး "
"အဲ့တာဆိုမလုပ်ဘူး "
"ဒါပေမယ့် ရှင်းခေတ် သနားပါတယ်
ငါထိန်းချုပ်ကြည့်ပါမယ် ""ငါပြောမယ် နင်ကူညီမယ်ဆိုလည်းအဆုံးထိရောက်
အောင်ကူညီပေးလိုက် မလုပ်နဲ့ဆိုလည်းအခုကတည်း
ကတား မပြတ်မသားတော့မလုပ်နဲ့ အကိုရှင်းခေတ်ကို
အားနာစရာတွေဖြစ်ကုန်မယ် "လက်ပိုက်ပြီးသေသေချာချာမေးနေတဲ့သူမက
စာမရသေးတဲ့ကျောင်းသားကိုဆူနေသလိုလိုပင်
အဲ့လိုမပြတ်သားလို့မရပေ နောက်ဆုံးစိတ်ကောက်တဲ့
ဘူတာကသူ့ဆီမှာပဲဆိုက်မှာ....."အင်း အင်း ငါသဝန်မတိုဘူး ရပြီလား "
"Hak ကလေးကျနေတာပဲ "
မျက်နှာဆူပုတ်နေသည့်ထိုကလေးကြီးကိုရင်ခွင်ထဲ
ထည့်ထားမိသည်............... ............. ...........
သဝန်မတိုဘူးဆိုတာတောင်ရှင်းခေတ်ခေါင်းကို
နှစ်ချက်ဆင့်ရိုက်လိုက်သေးသည်
နွေးနွေးရဲ့ စာအုပ်တွေကိုပွေ့ပေးပြီးအသားယူလို့တဲ့
ဟုတ်သည်ရှိမဟုတ်သည်ရှိ ရှင်းခေတ်တစ်ယောက်
သူ့ crush နှင့်အဆင်ပြေသွားလို့တော်ကာကျသည်"မေမေကြီးတို့အဆင်ပြေရဲ့လား "
"အင်း ပြေတယ်တဲ့ ဟိုမှာကနည်းနည်းပိုချမ်းတော့
အထူကြီးတွေဝတ်ရတာတစ်ခုပါပဲ ""ဘယ်တော့ပြန်လာမှာလဲ "
"ကြားထဲ 9 လပိုင်းလောက်လာမယ်ပြောတယ် "
"သိပ်တောင်မလိုတော့ဘူးပဲ "
ပြုံးကာရယ်ကာဖြစ်သွားသောသူမမျက်နှာလေးက
မေမေတို့ကိုဘယ်လောက်လွမ်းနေလဲသိသာပါသည်လုပ်လက်စစာအုပ်အထူကြီးကိုဆွဲယူကာ
ဟိုလှန်သည်လှန်လုပ်နေပြန်သည်စာလုပ်ချိန်များတွင်တပ်ထားသောမျက်မှန်ဝိုင်းလေး
ဘောပင်ကိုဖိကိုင်ထားသောလက်ချောင်းသွယ်သွယ်
တစ်ခုခုကိုအာရုံစိုက်နေချိန်တွင်မျက်မှောင်ကျုံ့သွား
ခြင်းကအစမြတ်နိုးစရာကောင်းနေပြန်သည်
YOU ARE READING
For Life..... (Z+U)
Randomဘဝအတွက်ရည်ရွယ်ခဲ့ရသူမို့ ရည်ရွယ်သူပျောက်ဆုံးခဲ့သောဘဝအတွက် အဘယ်သောအရာက နှစ်သိမ့်အံ့မည်နည်း..... ဘဝအတွက်ရည်ရွယ်ခဲ့ရသူမို့ ရည်ရွယ်သူပျောက်ဆုံးခဲ့သောဘဝအတွက် အဘယ်သောအရာက နှစ်သိမ့်အံ့မည်နည်း..... Girl × Girl #moonlight