သပြေ ❤ သပြေ

3.7K 290 17
                                    

သူမနှင့်ကြားသိသိသာသာတိုးတက်လာသည့်ဆက်ဆံရေးကြောင့်စိတ်ပျော်ရွှင်နေသည်မှာတော့
အမှန်ပင်ဖြစ်သည်..

ရှေ့လည်းမတိုး နောက်လည်းမဆုတ်
အလည်အလတ်နေရာတွင်သာရပ်တန့်နေသော
သူမတို့နှစ်ယောက် ၏ဆက်ဆံရေးကို ရှေ့ဆက်တိုးချင်
သော်လည်း သူမဘက်မှတစ်မျိုးတွေးကာ
စိတ်ကွက်သွားမည်ကိုလဲစိုးတာမို့
ဒီအခြေအနေလေးကိုပင် ရောင့်ရဲနေရလေသည်...

မနက်ဖြန်ဆိုလျှင် ဆယ်တန်းစာမေးပွဲပြီးတော့မည်
ရင်ထဲမှအပူလုံးတစ်လုံးကိုလွှတ်ချနိုင်တော့မည်...
နောက်ဆုံးဘာသာဖြစ်၍တက်ကြွနေသောစိတ်သာရှိ
သည်... စာမေးပွဲ ကာလအတွင်းအိပ်ချိန်နည်းပါးခဲ့မှု
ကြောင့် ပင်ပန်းနေသည့်ခန္ဓာကိုယ်ကသိသိသာသာ
အချက်ပြလာလေပြီ...

ည 10 နာရီသာရှိသေးသည်မို့
အိပ်ချင်နေသည့်မျက်လုံးတို့ကိုအန်တုနိုင်ရန်
လသာဆောင်သို့ထွက်လာခဲ့သည်...
လရောင်မှုန်ပြပြအောက်ကပတ်ဝန်းကျင်သည်
အေးစိမ့်စိမ့်မို့ လက်မောင်းနှစ်ဖက်ကိုလကဖဝါးနှစ်ဖက်ဖြင့်သိုင်းယှက်ထားလိုက်သည်...

"ပင်ပန်းနေပြီလား "

ဘေးနားမှယှဉ်ရပ်ကာပြောလာသည့်စကားသံ
တိုးတိုးက အားအင်တို့ကိုဖြစ်စေခဲ့ပါလျှင်
ကျွန်မအားအကဲပိုသူဟုထင်ကောင်းထင်နိုင်လိမ့်မည်

"မနက်ဖြန်နောက်ဆုံးမလား အားတင်းထားအုံး "

မြင်ရခဲသည့်သွားတက်လေးကိုပေါ်အောင်ဖောဖောသီ
သီပြုံးပြနေသည့်သူမသည် ဒီလူသားကိုရူးသွပ်စေဖို့များရည်ရွယ်လေသလား...

"မနက်ဖြန်ငါ့ကိုလာကြိုမလား "

ဆန္ဒမမည်သောတောင်းဆိုမှုတစ်ခုသည်
ပါးစပ်ဖျားမှရုတ်တရက်ပေါ်ထွက်လာခဲ့သည်..

"ငါမေမေကြီးနဲ့လိုက်လာခဲ့မယ်လေ "

"အင်း ငါမျှော်နေမယ်... "

သူမနှင့်ရှိနေသမျှအချိန်တိုင်းကိုမြတ်နိုးရသည်မို့
ထိုအချိန်တို့ကိုရသမျှသူဖန်တီးမည်...

သူမ မသိလိုက်ခင်မှာပဲ ထိုလူသားငယ်သည်
နှလုံးသား၏အနက်ရှိုင်းဆုံးကိုရောက်နှင့်နေပြီဖြစ်သည်........

For Life..... (Z+U)Where stories live. Discover now