trip (1)💫

3.7K 289 10
                                    

"နင်ရင်ခုန်နေတယ် "

ရင်ခွင်ထဲမှာငိုနေတဲ့ကလေးကြီးကတစ်အံ့တစ်သြ
မော့ကြည့်လာသည်
တစ်လက်လက်တောက်နေတဲ့မျက်ဝန်းတွေက
ခုနကနှင့်လုံးဝမတူပဲ မျက်လုံးထဲမှာ
ကြယ်လေးတွေဝင်နေသလားဟုပင်ထင်ရလောက်သည်အထိတဖျတ်ဖျတ်လတ်နေသည်..

"အင်း တစ်စုံတစ်ယောက်ကြောင့်ခုန်နေတာထင်တယ်"

ရုတ်တရက် ညိုးကျသွားတဲ့မျက်နှာနှင့် ရင်ခွင်ထဲမှ
တိုးထွက်သွားတဲ့သူမကြောင့် ပြောခဲ့သည့်စကားများ
ထဲဘာများအမှားပါသွားလေသလဲဟု
အသည်းအသန်ပြန်စဉ်းစားတော့လည်း
ဘာမှမမရှိပေ... သူ့စိတ်ကိုတကယ်နားမလည်နိုင်သေးဘူး...

"နင်တောင်ချစ်ရမယ့်သူရှိနေပြီပေါ့ "

ခန..သူဘာပြောလိုက်တာလဲ
မဟုတ်မှ.. တစ်စုံတစ်ယောက် ဆိုတာကို
အခြားသူတစ်ယောက်လို့အတွေးပေါက်သွားတာလား
ဘုရားသခင်.. သူအဲ့လောက်တောင်တုံးသေးတာလား

လူကောင်ကြီးအရှင်လတ်လတ်ကို ရင်ခွင်ထဲထည့်ထား
ပြီး ခုန်နေတဲ့ရင်က သူ့ကြောင့်မဟုတ်ရင်ဘယ်သူ့
ကြောင့်လို့သူတွေးလိုက်တာလဲ....
ထွဋ်ထွဋ်အောင် ဆိုတဲ့လူသားကအဲ့လိုတုံးလိမ့်မယ်လို့
တကယ်ပါ စဉ်းတောင်မစဉ်းစားခဲ့ဖူးပါချေ....

ရီချင်နေတဲ့စိတ်ကထိန်းမရတော့ရီချမိလိုက်တော့
ဝမ်းနည်းရိပ်သမ်းနေတဲ့မျက်ဝန်းရွဲကြီးများနှင့်ပြန်
ကြည့်လာပြန်သည်...

"နင်ဟာ... ငါကရှိစရာလား လာ ထမင်းစားမယ် "

သူ့ကိုထပ်ကြည့်နေလျှင်ရီတာရပ်တော့မည်မဟုတ်
သောကြောင့်လက်ကိုဆွဲကာထမင်းစားခန်းကိုသာခေါ်
လာခဲ့တော့သည်....

ဒီလိုအချစ်ရေးမှာတုံးအလွန်းတဲ့လူကို
နူးနူးညံ့ညံ့နှင့်သွယ်ဝိုက်ပြောနေ၍မရ
တုတ်ထိုးအိုးပေါက်ပြောမှရတော့မည်ဟု
သူမနားလည်လိုက်သည်...

ထိုသို့တည့်တိုးပြောနိုင်ဖို့အတွက်လည်း
သတ္တိမရှိသေးသည်မို့ အချိန်အတိုင်းအတာတစ်ခုတော့ယူရပေအုံးမည်....

......... ......... ..........

စာမေးပွဲအပြီး အပန်းဖြေခရီးသွားချင်ပါသည်ဟု
ပူဆာလာသည့်သူမကြောင့် အဝေးပြေးလမ်းမပေါ်သို့
ရောက်နေလေပြီ....
ထုံးစံအတိုင်းဦးလေးနှင့် မေမေကြီးတို့ကတော့
ပါမလာချေ.... ကားပေါ်ရောက်သည်နှင့်
ကိုယ့်အိမ်ကိုယ့်ယာလို အိပ်ပျော်လာသည့်သူမက
စကားပြောဖော်လေးတောင်မရ... ဒီလိုမှန်းသိရင်
အဝေးပြေးကားမစီးပါဘူး...

For Life..... (Z+U)Where stories live. Discover now