"ငယ်ရေ... ငယ်လို့! "
အခန်းတံခါးကိုတစ်ဒုန်းဒုန်းထုကာအာပြဲလျှာပြဲနဲ့
အော်ခေါ်နေသည့်သူ့ချစ်သူ
မှတ်လောက်သားလောက်အောင်
ဒီညတော့အပြစ်ပေးမှရမည်
လူကိုသုံးနှစ်နီးပါးအရူးလုပ်ထားတာလေ
ဒီညလောက်တော့ခံစားပစေအုံး ဟုစိတ်ပေါက်ပေါက်
နှင့်တွေးကာ ခုတင်ပေါ်မှတံခါးပေါက်ရှိရာသို့
မျက်စောင်းလှမ်းထိုးလိုက်သည်.."ငယ်လို့ဆို ငါ့ကိုအပြင်မှာသိပ်ရက်တယ်ပေါ့ "
"နင်တောင်ငါ့ကိုသုံးနှစ်နီးပါးလိမ်ခဲ့တာလေ "
"ငယ်ကကွာ ငါရှင်းပြပြီးပြီလေ "
"နင်ကရှင်းပြပြီးတာနဲ့ ငါကစိတ်မဆိုးရတော့ဘူး
လား ဘာမှလာမပြောနဲ့ ""ငယ် နော် တစ်ယောက်တည်း အိပ်ရဲလို့လား "
"အိပ်ရဲတယ် အိပ်ရဲတယ် "
"သရဲမကြောက်ဘူးလား "
အသံခနမျှတိတ်သွားသည်
သူကောင်းကောင်းသိတာပေါ့ ဒီကလေးမ
သရဲဘယ်လောက်ကြောက်တယ်ဆိုတာ"မကြောက်.. မကြောက်ဘူး ဘုရားရှိခိုးပြီးအိပ်မှာ "
ခုနစ်သံချီ ရှစ်သံချီအသံတွေနှင့်အော်ပြောနေသော
သူတို့နှစ်ယောက်ကြောင့်မကြာခင်ပတ်ဝန်းကျင်က
ခဲနှင့်လာထုတော့မည်"ငယ်မကြောက်ပေမယ့် ငါကြောက်တယ်
ဖွင့်ပါငယ်ရယ် မဆိုးပါနဲ့ ""နေစမ်းပါအုံး တငယ်ငယ်နဲ့ ဘာဖြစ်နေတာလဲနင်က
ဘယ်မိန်းမနဲ့မှားခေါ်နေတာလဲဟမ် ""တွေ့လား ငယ်မရစ်နဲ့ကွာ
အရင်ကတည်းကလည်းခေါ်နေကျပဲကို ""မတူဘူး လေသံကလုံးဝမတူဘူးနော်
ဒီမှာဒေါ်ထွဋ်ထွဋ်အောင် ရှင်ပါးစပ်ဟလိုက်တာနဲ့
အူဘယ်နခွေရှိလဲဆိုတာကျွန်မသိတယ်
နောက်တစ်ယောက်ရှိမယ်မကြံနဲ့နော်
နှစ်ယောက်လုံးကိုသတ်ပစ်မှာ ဘာမှတ်နေလဲ ဟမ် "နေပါအုံး စကားလမ်းကြောင်းက
ဘယ်ကနေဘယ်လိုဘယ်လမ်းကြောင်းကို
ပြောင်းသွားပါသလဲ အော်ပြောနေရလွန်းလို့
လည်ချောင်းတွေနာနေတော့မှာပဲ
![](https://img.wattpad.com/cover/206968831-288-k266643.jpg)
JE LEEST
For Life..... (Z+U)
Overigဘဝအတွက်ရည်ရွယ်ခဲ့ရသူမို့ ရည်ရွယ်သူပျောက်ဆုံးခဲ့သောဘဝအတွက် အဘယ်သောအရာက နှစ်သိမ့်အံ့မည်နည်း..... ဘဝအတွက်ရည်ရွယ်ခဲ့ရသူမို့ ရည်ရွယ်သူပျောက်ဆုံးခဲ့သောဘဝအတွက် အဘယ်သောအရာက နှစ်သိမ့်အံ့မည်နည်း..... Girl × Girl #moonlight