will

2.5K 226 11
                                    

3 years later,

လွန်ခဲ့တဲ့သုံးနှစ်လောက်ကခနပြန်လာကာ
ပြန်သွားခဲ့သောမေမေကြီးတို့ကအခုတော့
ကောက်ခါငင်ကာပြန်လာလေသည်
ဟိုတစ်ခါပြန်လာတုန်းကတော့ဘုမတောဖို့
ထွဋ်ထွဋ်အောင် ကိုအချိန်ပေးပြီးတောင်းဆိုခဲ့ရသေး
သည် တော်သေးသည်ကသူတို့နှစ်ယောက်ကိစ္စအပြင်ဘာမှထွေထွေထူးထူးမပြောသွားလို့...

သူတို့နှစ်ယောက်လား...
ဒီနှစ်ပြီးရင်နှစ်ယောက်လုံးကျောင်းပြီးတော့မည်
ကျောင်းပြီးရင်တော့ နှစ်ယောက်တစ်အိမ်ထူထောင်
ချင်ကြောင်းမျက်နှာပြောင်တိုက်ကာပြောခဲ့သမျှ
သူ့မှာရှက်လွန်းလို့မေမေကြီးတို့ရှေ့ခေါင်းတောင်မဖော်
ရဲခဲ့... အခုတစ်ခေါက်မေမေကြီးတို့ပြန်လာတာ
ဗြုန်းစားဆန်လွန်းတော့တစ်ခုခုများဖြစ်လို့လားဟု
စိတ်တောင်ထင့်မိသည်...

"သမီးတို့နေရတာအဆင်ပြေရဲ့လား "

"ဟုတ်မေမေကြီး အဆင်ပြေပါတယ်
ကြီးမေကလည်းအစစအရာရာဂရုစိုက်ပါတယ် "

မေမေကြီးတို့ပြန်လာပြီးမိသားစုထမင်းဝိုင်းလေးတွင်
ဒိုင်ခံစကားပြောနေသူက မေမေကြီးနှင့်နွေးနွေးသာ
ဦးလေးနှင့်ထွဋ်ထွဋ်ကတော့ ထမင်းကိုသာဂရုတစိုက်
စားနေသည်

"မေမေတို့အခုတစ်ခေါက်ပြန်လာတာက
ဒီဘက်ကဆေးရုံမှာလိုတာလေးတွေစီမံဖို့ရယ်
သမီးတို့ကိုလွမ်းလို့ရယ် "

တွေ့လား အလုပ်ကိစ္စကပထမအကြောင်းပြချက်ဆို
တာ ထွဋ်ထွဋ် ထမင်းစားနေရင်းမဲ့ပြုံးတစ်ခုကို
ဖန်တီးလိုက်ကာ ထမင်းဆက်စားနေလိုက်သည်
ဘုနဲ့ဘောက်ထပြောလိုက်ချင်ပေမယ့်
ခြေထောက်ကိုဖိထားသော သူမခြေထောက်ထံမှ
ဖိအားတစ်ခုကိုခံစားမိသောကြောင့် ငြိမ်နေခဲ့လိုက်
သည်

"ထွဋ်လေးဘွဲ့ရတာနဲ့ ဆေးရုံကိုဦးစီးဖို့ဖေဖေတို့
စီစဉ်ထားတယ် "

"ဘယ်သူ့သဘောနဲ့လဲ "

"သမီးမငြင်းဘူးလို့ဖေဖေမျှော်လင့်ပါတယ်
ဖေဖေတို့လည်းအသက်တွေကြီးပြီမလား
သမီးတို့ရဲ့အနာဂတ်ကိုဖေဖေတို့စိတ်ချချင်ပြီ"

"စကားလှအောင်ပြောမနေပါနဲ့
ခိုင်းစရာလူမရှိဘူးလို့ပြောလိုက်ရင်ပြီးနေတာကို "

For Life..... (Z+U)Where stories live. Discover now