"တောင်းပန်ပါတယ် နွေး...တောင်းပန်ပါတယ်"
တောင်းပန်ပါတယ်ဆိုတဲ့စကားကိုထပ်ခါထပ်ခါရေ
ရွတ်ရင်းမျက်ရည်တို့ကအထိန်းအကွပ်မဲ့စွာကျဆင်း
လျက်...သူတော်တော်မကောင်းခဲ့တာပဲ.. ဒီလောက်ခံစားခဲ့ရတဲ့
ကလေးငယ်ကို သူဘာတွေလုပ်ခဲ့မိတာလဲ
ခုံတန်းလေးပေါ်ထိုင်နေတဲ့နွေးရဲ့ခြေရင်းမှာ
ဒူးထောက်က နွေးပေါင်ပေါ်ခေါင်းတင်၍တောင်းပန်နေ
မိသည်......လက်သေးသေးလေးတစ်ဖက်က
ခေါင်းကိုပွတ်သပ်လာသည့်အထိအတွေ့ကိုသူခံစားမိ
လေမျက်ရည်တို့ကမရပ်တန့်လေလေ"နင်ကဘာလို့တောင်းပန်ရမှာလဲ...
ငါနင့်ကိုဒီအကြောင်းတွေပြောပြတယ်ဆိုတာက
နင့်ကိုယ်နင်အပြစ်ခံစားနေရသလိုနေဖို့မှမဟုတ်တာ
နင်နဲ့ငါ့ကြားမှာလျှို့ဝှက်ချက်ဆိုတာမထားချင်လို့
နင်ကငါ့ဘဝအကြောင်းတွေကိုသိသင့်တဲ့လူမို့လို့
နင်ကငါ့ဘဝရဲ့အရေးအပါဆုံးလူမို့လို့....
နင်ရှိခဲ့လို့ငါ့ဘဝကိုငါပြန်လည်ရှင်သန်ချင်မိတာ
နင်ကငါ့အတွက်သိပ်ကိုအဖိုးတန်တဲ့လူတစ်ယောက်
ဖြစ်တဲ့အတွက် နင်မငိုပါနဲ့ထွဋ်ထွဋ်.... "ငိုနေတဲ့ထွဋ်ထွဋ်ရဲ့ခေါင်းကိုနူးညံ့တဲ့နှုတ်ခမ်းပါးတစ်
စုံလာရောက်ထိကပ်သည့်တိုင် .... သူမကတော့
ရှိုက်သံတွေပင်ထွက်နေပြီ"ဘာလဲဟာ....နင်ကဘာလိုငိုနေတာလဲ
ငါငိုရမှာမဟုတ်ဘူးလား "စသလိုလိုပြောလိုက်တော့ ငိုထားလို့ရဲနေတဲ့
မျက်လုံးတွေကိုပွတ်ကာ မျက်ရည်ကြားကအပြုံးတစ်
ပွင့်ထွက်ပေါ်လာခဲ့သည်..."ငါနင့်အပေါ်အရင်ကထက်အများကြီးကောင်းပါ့မယ်
နွေး.."နွေးနွေးရဲ့ရင်ခွင်ထဲခေါင်းတိုးဝင်ကာ
ရှိုက်သံလေးနဲ့ပြောလိုက်တော့
ကျောပေါ်ဖက်တွယ်လာတဲ့လက်လေးတွေအောက်
သူနွေးထွေးခဲ့သည်..."အင်း ငါ့ကိုအများကြီးပိုချစ်ပေး
အရင်ကထပ်လည်းအများကြီးအလိုလိုက် ဟုတ်ပြီ
လား ""အင်း"
ရင်ခွင်ပိစိလေးထဲကခေါင်းကိုထပ်ခါထပ်ခါ ညိမ့်ပြ
လိုက်တော့ ခေါင်းပေါ်ကျရောက်လာသည့်အနမ်းတစ်ပွင့်နဲ့အပြုံးနှစ်ပွင့်ဖြစ်ထွန်းလာခဲ့သည် ...
YOU ARE READING
For Life..... (Z+U)
Randomဘဝအတွက်ရည်ရွယ်ခဲ့ရသူမို့ ရည်ရွယ်သူပျောက်ဆုံးခဲ့သောဘဝအတွက် အဘယ်သောအရာက နှစ်သိမ့်အံ့မည်နည်း..... ဘဝအတွက်ရည်ရွယ်ခဲ့ရသူမို့ ရည်ရွယ်သူပျောက်ဆုံးခဲ့သောဘဝအတွက် အဘယ်သောအရာက နှစ်သိမ့်အံ့မည်နည်း..... Girl × Girl #moonlight