"အား ညောင်းတယ် ညောင်းတယ် ညောင်းတယ် "
ပါးစပ်ကမနားမနေရွတ်နေသည်မှာ
ရေတံခွန်သို့စဆင်းကတည်းကပင်"ပြန်လှည့်မလား နွေး လမ်းတစ်ဝက်ပဲရှိသေးတယ် "
ဆိုလိုက်တော့တစ်ချက်ငေးခနဲဖြစ်သွားကာ
ဆင်းလာခဲ့သည့်လမ်းအားလည်ပြန်ကြည့်လေသည်
မတ်စောက်လွန်းသည့်အပြင် ဝေးကွာလှသောခရီး
ကိုအပြန်တက်ရပေအုံးမည် လမ်းတစ်ဝက်ရောက်တော့မှလည်းပြန်မလှည့်ချင် အဆုံးထိရောက်အောင်
သွားချင်သည်....လက်ထဲကတောင်မွှေးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး
မျက်နှာကိုချီလိုက်ကာစီးကျလုမတက်တွဲခိုနေသည့်
ချွေးစက်တွေကိုလက်ဖမိုးဖြင့်သုပ်လိုက်သည်..."ဆင်းမယ် ရောက်အောင်ဆင်းမယ် "
ဘောက်ဆက်ဘောက်ဆက်ဖြင့် မာန်ကိုတင်းကာ
ထပ်မံဆင်းလေသည်...
သဘောကျစွာတစ်ချက်ရီလိုက်မိတော့
မျက်စောင်းတစ်ချက်ကဒိုင်းခနဲပစ်ဝင်လာလေသည်"နင်ဘာလုပ်နေတာလဲ မြန်မြန် မဆင်းလာဘူးလား "
"လာပါပြီ လာပါပြီ အမရယ် "
လက်ဆက်သည့်တောတောင်ရနံကြောင့်ပင်ပန်းတာ
တွေတောင်သိပ်မရှိတော့သလိုပင်...
အနားမှကပ်ပါလာသည့်အကောင်ငယ်လေးသည်ပင်
အားဆေးတစ်ခွက်ဖြစ်ခဲ့ဟန်တူသည်
ဘယ်အချိန်ကတည်းက ထိုလူသားငယ်သည်
နှလုံးသားအားပိုင်ဆိုင်ခဲ့သနည်း..
အစတွေ့တုန်းက ကလေးသာသာအတွေးများနှင့်
နာကျင်စေခဲ့သည်ကိုပြန်တွေးမိတော့
အားနာမှုကဝင်ရောက်လာခဲ့သည်..."နွေး..ငါတောင်းပန်ပါတယ် "
"ဘာကိုလဲ"
လမ်းတစ်လျှောက်တိုးထွက်နေသောကျောက်တုံးများ
ပေါ်ထိုင်ချကာအမောဖြေနေရင်းပြောမိလိုက်သော
စကားကြောင့်နားမလည်သလိုမျက်မှောက်ကျုံ့ကာကြည့်လာလေသည်"ငါနင့်အပေါ်အရမ်းဆိုးခဲ့တာမလား "
"အော်...အင်း အရမ်းဆိုးတယ်"
"ငါ့ကိုနင်မုန်းခဲ့မှာပဲနော် "
"နင်လည်းငါ့ကိုမုန်းခဲ့တာပဲလေ "
YOU ARE READING
For Life..... (Z+U)