Dr.Thaw Zin Hein

2.2K 164 0
                                    

A/N ..
မမှတ်မိလျှင်အရှေ့ပိုင်းပြန်ဖတ်ပေးဖို့တောင်းဆိုပါရ
စေ... စကြရအောင်

............ ........... .........

ထိုသူ Dr. သော်ဇင်ဟိန်း သည်
အထွေထွေရောဂါကုဆရာဝန်ကြီးတစ်ယောက်ဖြစ်ပြီး
နွေးထွေးပြူငှါသောကြောင့် ဆေးပညာလောကတွင်
နာမည်ကြီးသည် ခန့်ညားသည့်ရုပ်ရည်နှင့်
နူးညံ့သည့်အမူအရာ လိမ္မာပါးနပ်သည့်စကားအပြော
အဆိုတို့ကြောင့် လူချစ်လူခင်ပေါများသည်
အသက် 30 ကျော်လောက်ရှိသေးသည့်လူငယ်
တစ်ယောက်လည်းဖြစ်သည်...

မိဘမဲ့တစ်ယောက်ဖြစ်တဲ့ Dr.က ဦးလေးဖြစ်သူနှင့်သာအတူတူကြီးပြင်းခဲ့သည်
လွန်ခဲ့သောငါးနှစ်လောက်က ဦးလေးကဒေါ်မူယာခင်
ဆိုသည့်အမျိုးသမီးနှင့်လက်ထပ်လိုက်သည်

သူဒေါ်မူယာခင်ကိုရင်နှီးနေခဲ့ပါသည်
လွန်ခဲ့သောဆယ့်နှစ်နှစ်ခန့်က
သူဆေးကျောင်းသားဘဝ
ဆရာဝန်လောကသိုခြေလှမ်းစချိန်မှာ ကလေးငယ်ငယ်တစ်ယောက်ကိုသူမြင်ခဲ့ရသည်

ပထမတစ်ခါသေကြောင်းကြံစည်မှု...
ထိုကလေးငယ်နဲ့အတူပါလာတဲ့အမျိုးသမီး
စိုးရိမ်သည့်အမူအရာတစ်စက်မှမရှိဘဲ ထိုသတိမရှိ
တော့သည့်ကလေးကိုပင်ကျိန်ဆဲနေသည်ကိုသူနားနှင့်
ကြားခဲ့ရသည်.... ထိုကလေးငယ်ကတော့ကုတင်ပေါ်တွင်ငြိမ်သက်လို့အသက်ကိုသာဖြည်းဖြည်းရှူနေခဲ့ရ
သည်..

ဒုတိယအကြိမ်သေကြောင်းကြံစည်မှုဟုအကြားတွင်
တော်တော်လေးတုန်လှုပ်သွားခဲ့မိသည်
ထိုကလေးကဘယ်လောက်တောင်စိတ်ဒဏ်ရာရှိနေခဲ့
သနည်း ထိုအချိန်မှာလည်းထိုနည်းတူပင် အဆိုပါမိန်း
မသည်စီးကရက်အခဲမပျက် နှုတ်ခမ်းနီရဲရဲမပျက်

အထက်အရာရှိဆရာဝန်တို့ကိုဒီကလေးကိုအကူအညီ
နဲ့စုံစမ်းမှုတွေပေးဖို့ သူတင်ပြခဲ့သော်လည်းပယ်ချခံခဲ့
ရသည် ဓနအင်အားနဲ့ဖိထားခဲ့သည်ပဲ....

သူစိတ်ပျက်လက်ပျက်နှင့်သာဆေးရုံထဲကပန်းခြံထဲ
သို့ဆင်းလာခဲ့သည် သက်ကြီးလူနာအချို့ကစု၍စကား
ပြောနေသည်ကိုသက်ဆိုင်ရာသူနာပြုများကအဝေးမှ
လှမ်းကြည့်နေကြသလို ပိတောက်ပင်ကြီးအောက်စာအုပ်ထိုင်ဖတ်နေသည့် အသက်15နှစ်သာရှိသေးသည့်ကင်ဆာရောဂါသည်ကောင်လေးတစ်ယောက်
ပြေးလွှားကစားနေသည့်မြေးမလေးကိုပြုံးပြီးကြည့်နေသည့်လူနာဖိုးဖိုး....

For Life..... (Z+U)Where stories live. Discover now