flashback (2)

2.7K 212 12
                                    

မွေးနေ့ကိတ်မပါ ဆုတောင်းသံတစ်စုံရာမရှိခဲ့သော
ကိုးနှစ်ပြည့်မွေးနေ့....
ဖေဖေနဲ့မေမေ ကတစ်ကယ့်ကိုအလုပ်မအားဘူးထင်
ပါရဲ့...
သူအခုထိထမင်းမစားရသေးဘူး
အန်တီကသူ့ကိုထမင်းမကျွေးသေးဘူး ညနေသုံးနာရီတောင်ကျော်နေပြီ ဗိုက်ဆာလွန်းလို့ငိုချင်နေပြီ

အန်တီမူယာခင် ရဲ့အခန်းထဲချောင်းကြည့်မိတော့
အန်တီကအခန်းထဲမှာမရှိ အပြင်သွားနေတယ်
ထင်ပါရဲ့...

မီးဖိုခန်းထဲဝင်ပြီးထမင်းဟင်းလေးများရှိလိုရှိညား
ဝင်ရှာကြည့်တော့ စားပွဲခုံပေါ်မှာဇကာနဲ့အုပ်ထားတဲ့
ထမင်းကြမ်းခဲအနည်းငယ်နဲ့ငပိရည်သာရှိသည်
ဆာနေသည့်ဗိုက်ကိုပြည့်လိုပြည့်ညား ထိုထမင်းကြမ်း
ကိုသာငပိရည်နှင့်နယ်ဖတ်ပြီးစားလိုက်ရသည်....

ဟင်းတစ်ခွက်တစ်လေတောင်မရှိခဲ့သောထမင်းဝိုင်းက
သူမကိုမျက်ရည်သွင်သွင်ကျစေပါ၏....

"အာ...စပ်လိုက်တာ ဟင့် "

သောက်ရေအိုးထဲမှရေကိုတကြိုက်ကြိုက်မော့သောက်လိုက်ကာ ထိုထမင်းကိုပင်တစ်လုပ်ပြီးတစ်လုပ်စား
နေလိုက်သည် သူအရမ်းဗိုက်ဆာနေပြီလေ
ဖေဖေနဲ့မေမေ ကိုသူမေးချင်လှပါသည်
သူအရမ်းဆိုးလို့အတူတူခေါ်မသွားတာလားလို့...

"အော်.. နင်ကဒီမှာလာမျိုစို့နေတာကိုး "

အနောက်ကဝင်လာသည့်အန်တီမူယာခင်ရဲ့အသံ

"နင့်ကိုဘယ်သူကခိုးစားဖို့သင်ပေးလိုက်လဲ ဟမ် "

နားရွက်ကိုလိမ်ဆွဲကာဆူဆူပူပူပြောလာသည့်သူမက
အရင်တုန်းက အန်တီမူယာခင်နှင့်လုံးဝမတူ
ဆွဲခံထားရသည့်နားကပြတ်ထွက်လုမတက်နာလှပြီး
မျက်လုံးတွေတောင်ပြာဝေလာသည်

"တောင်း...တောင်းပန်ပါတယ် အန်တီ.. ဟင့်
သမီး.. သမီးဗိုက်အရမ်းဆာလို့.."

ဆွဲထားသည့်နားရွက်ကိုစောင့်လွှတ်လိုက်တော့ကြမ်း
ပြင်ပေါ်မှာပုံလျက်သားခွေကျသွားသည်
တအိအိရှိုက်ငိုနေသည့်သူမကိုအရင်လိုထွေးပွေ့ပေး
မယ့်ဖေဖေနှင့်မေမေကိုသူတောင့်တလာသည်

"ငါ့ထမင်းဟင်းကို ငါမသိပဲခိုးစားလို့ နင့်ကိုဒီညအငတ်
ထားမယ် ထွက်သွား ငါ့မျက်စိရှေ့က "

For Life..... (Z+U)Where stories live. Discover now