you are...

3.7K 297 4
                                    

"နင်ကအရှုပ်အထုပ်ပဲ "

"နင့်ကိုဘယ်သူမှမလိုချင်ဘူး "

"နင့်အမေတွေတောင်နင့်ကိုမချစ်လို့ပစ်သွားတာမလား"

မဟုတ်ဘူး မေမေတို့က ငါ့ကိုချစ်တယ်
ငါ့ကိုပြန်လာခေါ်မှာ မေမေတို့ကခရီးသွားနေတာ
ကျေးဇူးပြုပြီး အဲ့လိုမပြောကြပါနဲ့ကြောက်လွန်းလို့ပါ
အား မရိုက်ကြပါနဲ့တော့ နာလို့ပါ
ဗိုက်ဆာလိုက်တာ သမီးကိုထမင်းကြွေးကြပါ
ကြောက်ပါတယ် ကြောက်ပါတယ်ဆို
အဲ့အမှောင်ခန်းကြီးထဲကိုမထည့်ပါနဲ့ တောင်းပန်ပါတယ်...

....... .......... .......

အိပ်မက်ဆိုးတွေ
ဒီအိပ်မက်ဆိုးတွေပြန်မက်နေခဲ့တာ
တော်တော်ကြာပြီ....

မမေ့နိုင်တဲ့အတိတ်ဆိုး
မေ့ချင်ယောင်ဆောင်ပြီးနာကျင်မှုတွေ
ကြောက်ရွံ့မှုတွေရဲ့အဝေးကိုထွက်ပြေးဖို့ကြိုးစားနေခဲ့
မိတာ...

နေ့နေ့ညညနှိပ်စက်ခံခဲ့ရတဲ့ အဲ့ဒီ့အတိတ်ဆိုး
ဆာလောင်လွန်းလို့တုန်ရင်နေခဲ့ရတဲ့တိုင်အောင်
မဲမှောင်နေတဲ့မြေအောက်ခန်းထဲပိတ်လှောင်ခံခဲ့ရတဲ့နေ့တွေ...

အကုန်လုံးကသေသည်ထက်ဆိုးသည့်ခံစားမှုမျိုး....
ဖေဖေ နှင့် မေမေ ပြီးတော့မောင်လေး
သူ့ကိုလာမရှာခဲ့ပါ...
သူတစ်ကယ်ပဲဆိုးလွန်းလို့လာမရှာခဲ့သည်လား
ခြံအကျယ်ကြီးနဲ့မြင့်မားတဲ့တံတိုင်းတွေကလွဲ၍
သူ့ကမ္ဘာသည်နယ်ကျဉ်းခဲ့ဖူးသည်...

ခေါင်းထဲဝင်လာသည့်အတိတ်ဆိုးတစ်ခုကြောင့်
နာနာကျင်ကျင်ငိုမိပြန်သည်....
နာရီကြည့်လေတော့နှစ်ချက်ထိုးသာရှိသေးသည်
ဒီညအတွက်တော့ညတာရှည်လိမ့်အုံးမည်.....

"နွေး အဆင်ပြေရဲ့လား "

အခန်းထဲဝင်လာပြီးတသိမ့်သိမ့်ရှိုက်နေတဲ့
ကိုယ်လုံးလေးကိုထွေးပွေ့ကာစိုးရိမ်တကြီးခေါ်လာသည့်သူမ...

လူတွေသည်တကယ်ထူးဆန်းသည်
အားကိုးရှိလျှင်ပိုငိုတတ်သည့်သဘောအရ
ထွဋ်ထွဋ်အောင်၏ရင်ခွင်ထဲတွင်ဒုတိယအကြိမ်
အားပါးတရ ထပ်ငိုမိခြင်း...

"နွေး... "

အငိုတိတ်သွားကာရှိုက်နေသောသူမခေါင်းလေးပေါ်
မေးတင်ကာ သက်ပြင်းမောတစ်ခုကိုရှိုက်လျက်
ရွတ်ဆိုမိသောအမည်နာမတစ်ခုကနွေးတဲ့..

For Life..... (Z+U)Where stories live. Discover now