First Person For U [ 9 ]

9.1K 565 17
                                    

ကျောင်းပိတ်ရက်မှာ အပြင်ထွက်ပြီး လုပ်ချင်ရာလုပ်
ပစ်ချင်ပေမဲ့  အပြင်အထွက်မခံဘဲ မျက်လုံးဒေါက်
ထောက်ကြည့်နေတဲ့  မေမေကြောင့် ချန်းယောလ် အ
နေ အစားကြပ်ဖြစ်ရသည် ။ ဆေးလိပ်ကိစ္စနဲ့ ပတ်
သက်ပြီး  ဖေဖေသိသွားသလား  မသေချာပေမဲ့ ထမင်းဝိုင်းမှာ   မျက်နှာချင်းဆိုင် တွေ့ရင်တောင် ဖေဖေက စကားတခွန်း  မပြောလာဘူး ။ ခပ်တည်တည်
မျက်နှာထားနဲ့ ဖေဖေ နေပုံအရ ဒီကိစ္စကို သေချာ
ပေါက်  မေမေ့ဆီက ဖေဖေ သိနေပြီလောက်ပြီ ။ သို့
ပေမဲ့ ချန်းယောလ်ကလဲ ခပ်တည်တည် လူသားပင်။
တမိသားစုလုံးက စကားမပြောရင်တောင် သူက နေ
နိုင်သည့်လူသားပင် ။ ဒီကိစ္စတွေက ဘာကစလို့ မှား
ယွင်းခဲ့သလိုဆို  တီးဝိုင်းဖွဲ့. သီချင်းဆိုသည့် ကိစ္စကို
ငြင်းခုန်ကြသည့်  နေ့ကို ပြန်တွေးကြည့်ရမည် ။

စိတ်ရှုပ်ရှုပ်နဲ့ အပြင်ထွက်ဖို့ အပေါ်ထပ်ကနေ ဆင်း
လာတော့   အောက်ထပ်ဧည့်ခန်းမှာ စကားပြောနေ
တဲ့  မေမေနဲဖေဖေ အသံကို ကြားလိုက်ရတာမို့ လှေ
ကားပေါ်ကနေ ရပ်ကာ နားထောင်လိုက်သည် ။

" မင်းသားကို  မင်းမထိန်းနိုင်တော့ဘူးလား  မိန်းမ"
ဆိုတဲ့  ဖေဖေ့အသံက ဒေါသတွေ ပါဝင်နေသည် ။
မေမေရဲ့ သက်ပြင်းချသံဟာ လေးလံခြင်းတွေ နှင့် ။
မသာမယာ မျက်နှာ နဲ့ မေမေက ခေါင်းငုံ့သွားတော့
ဖေဖေက တောက် တချက် ခေါက်သည် ။ ဒီကောင်
ကို ဒီအတိုင်း လွှတ်ထားပေးလို့ မရတော့ဘူးလို့
ဖေဖေက ဒေါသတကြီး  ပြောလာပြန်သည် ။

" ခဏလောက် စောင့်ကြည့်ရအောင်  ဒီအရွယ်တွေ
က ဒီလိုပဲဖြစ်တတ်တာ ရှင်အသိပဲ  ကျွန်မတို့ အရမ်း
ကြီး ဖိအားမပေးဘဲ နားဝင်အောင် ပြောကြရအောင်
သားက ဆိုးတဲ့သူမှ  မဟုတ်တာရှင်  "

" ဆိုးတယ်ကွ  မင်းသားက ဆိုးပုံဆိုးနည်းကို မင်း မ
သိဘူးလား   ခံမပြော နားမထောင်ကောင်ကွ မိဘက
ဆုံးမ ပြန်ရင်လဲ မျက်နှာသေနဲ့ တခွန်းဝင်မပြောဘူး၊
နားထောင်သလားဆိုတော့လဲ မဟုတ်ဘူး ၊ လုပ်ချင်
ရာ လုပ်တဲ့ကောင်ကွ ၊ အဲ့ဒီကောင် အဲ့အကျင့်ကို ပြင်
ရင်ပြင်  မပြင်ရင် ငါနဲ့အတွေ့ပဲ  "

" ရှင် လုပ်လာပြန်ပြီ  အရင်တခေါက်ကလဲ နားဝင်
အောင် ဆေးအေးပြောလ်ို့ရရဲ့သားနဲ့ ရှင် ဝုန်းဒိုင်းကြဲ
လို့ သားက ပိုဆိုးလာတာ ၊ အဲ့တုန်းက သားက ဆေး
လိပ်ကိစ္စတွေ မရှိလာသေးဘူး  ရှင်ကြောင့်ပဲ  ၊ သား
ဝါသနာပါတာလေးပဲ  ချော့မော့ပြောပြီး နားဝင်အောင်
လုပ်  ၊ အထက်တန်းအောင်မှ သူ လုပ်ချင်တာလေး
လုပ်ဖို့ ရှင်  အေးဆေးပြောပြသင့်ခဲ့တာ "

First Person For U Donde viven las historias. Descúbrelo ahora