အပိုင်း(၁)Unicode
13.2K 648 27
မေမေဆုံးသွားပြီးကတည်းက သားအဖနှစ်ယောက်ရဲ့ဘဝက ပုံမှန်လိုပဲ ဘာမှမပြောင်းလဲ။ဖေဖေကလည်း သူ့စီးပွားရေးသူလုပ်သလို သူကလည်း ကျောင်းတက်ချိန်တက် သူငယ်ချင်းတွေနဲ့ လျှောက်လည်ချိန်လျှောက်လည်နဲ့အရင်လိုအချိန်တွေလည်ပတ်နေခဲ့ပေမယ့် သူ၁၀တန်းနှစ်မှာပဲ သူ့ဘဝ စတင်ပြောင်းလဲလာခဲ့တယ်။ အကြောင်းအရင်းကတော့ ဖေဖေနောက်မိန်းမ ယူလိုက်တဲ့ကိစ္စ ဒီ့ထက်ဆိုးသွားရတဲ့ အကြောင်းအရင်းက နောက်မိန်းမက ပါလာတဲ့သား။
ကောင်လေးက သူ့ထက် ၂နှစ်ငယ်တယ် အရပ်က သူနဲ့ယှဉ်ရင် ခေါင်းတစ်လုံးကျော်ကျော်လောက်နိမ့်နေကာ အသားလတ်လတ် မျက်ခုံးကောင်းကောင်း မျက်လုံးကြည်ကြည် ၁၄ နှစ်အရွယ်နဲ့ဆိုရင်တောင် တော်တော်ကြည့်ကောင်းနေတဲ့ ချမ်းမြေ့ဦးဆိုတဲ့ ထိုကောင်လေးကို ထူးဆန်းစွာနဲ့ သူကတော့ ကြည့်မရခဲ့။အဲ့ကောင်လေး
အရမ်းလိမ္မာလွန်းနေတာက သူ့အတွက် အပြစ်တစ်ခုလိုဖြစ်နေခဲ့သည်။
ဖေဖေ့စကားဆို သူက နားထဲတစ်ဖက်ကဝင် တစ်ဖက်ကထွက်တယ် ဆိုပေမဲ့ ထိုကောင်လေးက သူ့ထက်နားထောင်တာမို့ ဖေဖေက သားအရင်းထက် ထိုကောင်လေးကိုပိုချစ်ပြသည်။အဲ့လိုဖြစ်လေလေ သူပိုကြည့်မရလေ ဖြစ်ကာ ထိုကောင်လေးကို အနိုင်ကျင့်ဖို့စတင်ခဲ့သည်။ဖေဖေက ကားဝပ်ရှော့နဲ့ ဆိုင်ကယ် showroom တွေ အများကြီးဖွင့်ထားမို့ အိမ်မှာ အချိန်ပြည့်မနေနိုင်။ဖေဖေအိမ်မှာမရှိတဲ့အချိန်တိုင်း သူတို့သားအမိကို သူ့ဘက်ကအလိုမရှိသလို ဆက်ဆံခဲ့သည်။ထိုကောင်လေးဆိုလည်း သူ့စကားတစ်ခွန်းဆို တစ်ခွန်းသူ့ကိုကြောက်နေအောင်ထိကို သူ့သောင်းကျန်းခဲ့သည်။
ဖေဖေသိသွားတော့ ရလာတဲ့ အကျိုးဆက်က သူ့ကိုဘော်ဒါပို့လိုက်ခြင်း။၁၀ တန်းကျန်တဲ့စာသင်နှစ်ကို သူအိမ်ကမတက်ရတော့ပဲ ဘော်ဒါမှာသွားနေရတော့သည်။
"သီတာရေ ဒီနေ့ ကိုယ်သားကို ဘော်ဒါကနေ နေ့လည်စာအိမ်မှာစားရအောင်လို့ ခဏသွားကြိုခဲ့မယ် သူကြိုက်တတ်တဲ့ အစားအသောက်လေးတွေ ပြင်ထားပေးအုံး"
"စိတ်ချပါ သီတာ အကုန်ပြင်ဆင်ထားလိုက်မယ်"
"သားငယ်ကိုလည်း ကိုယ် တစ်ခါထဲ ကြိုခဲ့လိုက်မယ်လေ"