အပြင်သွားခါနီး ဖိုးချမ်းကို ကျောင်းသွားကြိုဖို့ဖုန်းလှမ်းဆက်တာကြောင့် ချိန်းထားတဲ့နေရာမသွားဖြစ်တော့ ပဲ ဖိုးချမ်းတက်နေတဲ့ ကျောင်းကို ဦးတည်ရသည်။ကျောင်းမဆင်းသေးတာကြောင့် မလှမ်းမကမ်းက အရိပ်ရတဲ့နေရာမှာဆိုင်ကယ်ရပ်လိုက်ကာ ရဲသွေးတို့ဆီ နောက်ကျမဲ့အကြောင်းဖုန်းလှမ်းဆက်ပြီး ကျောင်းဆင်းမယ့်အချိန်ကို စောင့်နေလိုက်သည်။
အလျှိုလျှိုထွက်လာကြတဲ့ ကျောင်းသားတွေကြား အသားဖြူဖြူ မျက်ခုံးနက်နက်နဲ့ ဖိုးချမ်းက ထင်းနေသည်။ဘေးက ကောင်မလေးတစ်ယောက်နဲ့အတူတူ စကားပြောကာပြုံးပျော်နေတာကို မြင်လိုက်ရတော့ အလိုလို မျက်မှောင်ကြုံ့မိသည်။
ဖိုးချမ်းပြုံးတာကို အခုမှပဲကောင်းကောင်းမြင်ဖူးတော့သည်။ သူ့ရှေ့ဆိုငြိမ်ကုပ်နေတတ်တဲ့ကောင်လေးက သူ့ကွယ်ရာမှာကျ ဒီလိုပုံစံတဲ့လား။
"ကျောင်းအသည်းအသန်သွားချင်နေရတဲ့အကြောင်းအရင်းက ဒါကိုး"
ဘေးကကောင်မလေးနဲ့ ဘာတွေဘယ်လောက်တောင်စကားမကုန်နိုင်ဖြစ်နေလဲမသိ သူ့နားရောက်ခါနီးပြီ ခုထိသူ့ကိုမြင်ပုံမရသေးတာကြောင့်...
"ဟေ့ကောင် ငါဒီမှာ"
သူ့ကိုမြင်တော့ အပြုံးတွေချက်ချင်းပျောက်ကွယ်ကာ လန့်သွားပုံကအတိုင်းသား။သူ့ပုံစံက အဲ့လောက်တောင် ကြောက်ဖို့ကောင်းနေလို့လား။ ဘေးကကောင်မလေးက ငေးခနဲဖြစ်သွားတာမြင်လိုက်ရတော့ ပြုံးပြလိုက်တော့ ကောင်မလေးကလဲ ပြန်ပြုံးပြလာသည်။
"အစ်ကို"
"အေး ငါလာကြိုတာ တက်"
"ချမ်းမြေ့ နင့်အစ်ကိုလား"
ရုတ်တရက် နှင်းပွင့်မေးလိုက်တဲ့စကားကို ဘယ်လိုပြန်ဖြေရမှန်းမသိ။အစ်ကိုက သူ့ကို ညီတစ်ယောက်လို သတ်မှတ်ထားတာမှမဟုတ်တာ။
"ဟုတ်တယ် သူ့အစ်ကို"
ပြန်ဖြေဖို့စကားလုံးတွေရှာမရဖြစ်နေတုန်း အစ်ကိုက ပြုံးပြုံးလေးဝင်ပြောလိုက်တဲ့စကားကြောင့် သူ့မှာငေးခနဲ။သူ့အစ်ကိုလို့ပြောလိုက်တဲ့စကားက သူနားကြားမှားတာတော့မဟုတ်ဘူးမလား။
YOU ARE READING
Teen Fictionအခ်စ္.....အမုန္း အချစ်.....အမုန်း ZawGyi+Unicode