အပိုင်း(၃၁)Unicode
4K 376 51
ကားထဲကအခြေအနေက ငြိမ်သက်နေကာ တစ်ယောက်မျက်နှာတစ်ယောက်မကြည့်ရဲကြ။အသက်တောင်ပြင်းပြင်းမရှူရဲ။ပြောမိတာများမှားပြီလားလို့ စွမ်းလေး ကိုယ့်ကိုကိုယ်တွေးမိသည်။ရဲသွေးရော ဘာတွေများတွေးနေမလဲ။အတွေးတွေရှုပ်ယှက်ခတ်အပြီးမှာတော့ ဆုံးဖြတ်ချက် အလျင်အမြန်ချကာ ရဲသွေးဆီက ဘာစကားမှထွက်မလာခင်
"ဘာလို့လန့်သွားတာလဲ ဒီတိုင်း ငါစလိုက်တာကို"
"ဘာ"
လှည့်ကြည့်လာတဲ့ ရဲသွေးမျက်လုံးတွေက မီးဝင်းဝင်းတောက်နေသလိုမျိုးခံစားရသည်။
"မင်း ဘာပြောလိုက်တယ် စလိုက်တာဟုတ်လား မင်း ငါ့ကိုဘာထင်နေတာလဲ မင်းကိုချစ်ခဲ့ပါတယ်ဆိုတာနဲ့ပဲ ငါ့ကိုရယ်စရာတစ်ခုလိုသတ်မှတ်နေတာလား"
"မဟုတ်ဘူး....ငါက...."
"တောက်ခ်"
ကားကိုအကြမ်းပတမ်းမောင်းထွက်လိုက်တာကြောင့် လျော့တိလျော့ရဲဖြစ်နေတဲ့ ခန္ဓာကိုယ်က ယိုင်ထိုးသွားတော့သည်။မှားသွားပြန်ပြီလား တွေးမိတော့ ကိုယ့်ကိုကိုယ်ကျိန်ဆဲမိသည်။တကယ်တမ်း ယောကျ်ားလေးတစ်ယောက်ကို ချစ်တယ်လို့ဝန်ခံဖို့ရာ သူ့မှာ သတ္တိမရှိသေး။
"ငါ့ကို စိတ်ဆိုးသွားတာလား"
မေးလိုက်ပေမယ့် စကားပြန်မရတာကြောင့်မျက်နှာကို မသိမသာခိုးကြည့်မိသည်။နှုတ်ခမ်းတွေက တင်းနေအောင်စေ့ပိတ်ထားပြီး မျက်မှောင်တွေကြုံ့ထားပုံအရ ဒေါသ level က တော်ရုံတော့မဟုတ်။
"ရဲသွေး"
"ကားမောင်းနေတယ် စကားလာမပြောစမ်းနဲ့"
"နေပေါ့"
ကောင်မလေးနဲ့ကျတော့ ကားမောင်းနေရင်းနဲ့ကို ပြောမဆုံးပေါင်တောသုံးထောင်ဖြစ်နေပြီး သူ့အလှည့်ကျတော့မှ စကားလာမပြောစမ်းနဲ့တဲ့လား ရတယ် ရဲသွေးနိုင် အလကားကောင် နေနေလိုက် ငါ့ဘက်ကစပြီး လုံးဝစကားမပြောဘူး။
မင်းအချစ်တွေပြန်လိုချင်တယ် ဆိုတဲ့စကားလေးတစ်ခွန်းကြားလိုက်ရတဲ့ တစ်ခဏက သူဘယ်လောက်တုန်လှုပ်သွားလဲ သူပဲသိသည်။ရင်ထဲကနေ လှိုက်တက်လာတဲ့ပျော်ရွှင်မှုကြောင့် တကယ်လားဆိုတဲ့ မေးခွန်း နှုတ်ခမ်းဝရောက်နေတဲ့အချိန် ထပ်ကြားလိုက်ရတာက စလိုက်တာတဲ့လား။စွမ်းလေး ဘယ်လိုကောင်လဲဆိုတာ သူခဏမေ့သွားခဲ့တာပဲ စွမ်းလေးလိုကောင်ဆီက သူဘာတွေများမျှော်လင့်နေပြန်တာလဲ။