အပိုင်း(၂၄)
1.7K 213 35
ပထမနှစ်ဝက်စာမေးပွဲဖြေပြီးတာနဲ့ တစ်ရက်ပဲနားလိုက်ရသည်။သူတို့မေဂျာက ကျောက်ဆည်ဘက် တစ်ပတ် field ဆင်းရမှာမို့ လိုအပ်တာတွေလိုက်ဝယ်ပြီး သွားဖို့ပြင်ဆင်ရသည်။
"ဝိုး ဂစ်တာပါတယ် ကြိုက်ပြီလေ"
ကားထဲဂစ်တာထည့်တော့ သိင်္ဂါ့ဆီက ကျေနပ်နေတဲ့အသံကြောင့် ရဲသွေးရယ်ကာ
"ဂစ်တာပါတယ်ဆိုပေမယ့် မင်းအသံဆိုးကြီးနဲ့တော့ ရထားတစ်တွဲလုံးကို မနှိပ်စက်ပါနဲ့ကွာ"
စွမ်းလေးက ခြေထောက်မကောင်းသေးတာမို့ ခွင့်ရကာ မလိုက်ရတာကြောင့် သူတို့ကို ဘုန်းပြည့်နဲ့အတူ ဘူတာကို လိုက်ပို့သည်။ညဆယ်နာရီခွဲအချိန်မို့ ဘူတာမှာခရီးသွားမယ့်ဘူတွေကလွဲရင် အကုန်ရှင်းလင်းနေကာ သူတို့မေဂျာကကျောင်းသားတွေနဲ့ဆရာမတွေသာရှိသည်။
"ရထားကဘယ်အချိန်လဲ"
"၁၁ နာရီပြောတယ်"
"ကောင်းကောင်းသွားကြနော် ဟိုမှာလဲ ဂရုစိုက်ကြဦး"
စွမ်းလေးက သူတို့ကိုမှာနေတော့ ရဲသွေးက နှာခေါင်းရှုံ့ကာ
"မင်းသာ ဒီမှာ ကောင်းကောင်းနေခဲ့ ဘယ်သွားသွား လိုက်ပို့မယ့်သူရှိမှသွား ကြားလား ကိုယ့်ဘာသာကိုယ်မောင်းဖို့ စိတ်ကူးထဲတောင်မထည့်နဲ့"
"ငါက ကလေးလား"
"ကလေးမဟုတ်လို့ ပြောရတာလေ"
"အေးပါ မင်းတို့ ပြန်မရောက်မချင်း ဘယ်မှမသွားဘူး မင်းတို့ အသားမဲပြီးပြန်လာမှာကို ငါနဲ့ဘုန်းပြည့်စောင့်နေမယ်"
ရဲသွေးနဲ့စွမ်းလေး အရင်လို ပြန်အဆင်ပြေသွားပြန်တော့လဲ သူတို့သုံးယောက်မှာ နားငြီးရပြန်သည်။
"တီချယ် roll call ခေါ်နေပြီ သွားရအောင်"
"မင်းတို့ပြန်တော့လေ ကျောက်ဆည်ရောက်မှ ငါတို့ဖုန်းဆက်လိုက်မယ်"
"အေး ပြီးရော ပြန်တော့မယ်"
ဘုန်းပြည့်ကို ကားဖြည်းဖြည်းမောင်းဖို့ မှာကာ လူစုနေတဲ့ ဘက်ကိုထွက်လာလိုက်ကြသည်။ရထားက ၁၁ နာရီဆိုပေမယ့် တကယ်တမ်း ၁၂ထိုးခါနီးလောက်မှရောက်လာတာမို့ ရထားပေါ်ရောက်တော့ ဂစ်တာလဲမတီးနိုင် အသီးသီးအိပ်ဖို့သာပြင်ကြတော့သည်။