အပိုင်း(၂၉)Unicode
3.8K 364 42
"အကိုကြီးသား အလုပ်ကြိုးစားချက်ကတော့ လက်လန်တယ်"
ရုံးခန်းထဲဝင်လာပြီး သိင်္ဂါအလုပ်ကြိုးစားကြောင်း ဖောက်သည်လာချနေတဲ့ ညီဖြစ်သူကြောင့် အပြင်မှာ ပစ္စည်းတွေစစ်ယူနေတဲ့ သားဖြစ်သူရှိရာဆီတစ်ချက်ကြည့်မိသည်။
"အဲ့ကောင် သိပ်ယုံရတာမဟုတ်ဘူး သူအလုပ်ကြိုးစားနေတဲ့ပုံက ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ဖို့ လေ့လာနေတာနဲ့တူတယ်"
"ဟုတ်မယ် မြဝတီက ပစ္စည်းမှာတဲ့အကြောင်းတောင် ကျွန်တော့်ကို မေးနေသေးတယ်"
"မြဝတီဆိုမှ ငါ သူ့ကိုကျောင်းပိတ်တုန်း မြဝတီဘက်ပို့လိုက်ရမလား"
မြဝတီဘက်ပို့မယ်ဆိုတဲ့ အစ်ကိုကြီးရဲ့ စကားကြောင့် သူခတ္တမျှကြောင်သွားရသည်။ကလေးကို ဘာကိစ္စမြဝတီပို့မှာလဲဆိုတဲ့ အတွေးနဲ့ ဆက်ပြောလာမယ့် စကားကိုနားစွင့်လိုက်တော့
"ငါစဉ်းစားထားတာရှိတယ် ဖိုးချမ်းကျောင်းပြီးလို့ တာဝန်ကျရင် ဒီနားအနီးတဝိုက်က ရွာတွေရောက်မှာ အဲ့တော့ ဖိုးချမ်းက ဒီမှာအမြဲရှိနေမယ့်သူ သိင်္ဂါ့ကို ကြာရင်ငါထိန်းနိုင်မှာမဟုတ်ဘူး နောက်နှစ်နှစ်ဆို သိင်္ဂါကျောင်းပြီးပြီ အဲ့ဒီတော့ သူ့ကို မြဝတီကဆိုင် ဦးစီးခိုင်းဖို့ စဉ်းစားထားတယ်"
ကြားလိုက်ရတဲ့ စကားအရဆို သိင်္ဂါနဲ့ ဖိုးချမ်းကို ဘယ်လိုမှမဆုံအောင်လုပ်ချင်နေတဲ့ အစ်ကိုကြီးစိတ်ကို သူမြင်နေရသည်။အစ်ကိုကြီးဘက်က ကြည့်တော့လည်း ကိုယ့်သားက နောက်မိန်းမက ပါလာတဲ့ သားကို ချစ်နေတဲ့အပြင် ယောက်ျားလေးချင်းကလည်း ဖြစ်နေသေးတာကြောင့် ပတ်ဝန်းကျင်က ဝိုင်းထိုးကြမယ့် လက်ညှိုးတွေကို မခံနိုင်တဲ့သဘော။သိင်္ဂါကျတော့ ဖိုးချမ်းနဲ့ အစ်ကိုကြီးသာ သူ့ဘက်မှာရှိရင် ကျန်တာတွေ တစ်ခုမှဂရုစိုက်မယ့်ပုံမပေါ်။
တကယ်တော့ အစ်ကိုကြီးလည်း မမှားဘူး သိင်္ဂါလည်း မမှားဘူး နှစ်ယောက်လုံးဖက်က တွေးပြီး နှစ်ဖက်လုံးကို နားလည်ပေးနိုင်တဲ့ သူပဲမှားနေတာဖြစ်ရမည် သူပဲနှစ်ယောက်ကြားထဲ ဘာလုပ်ရမှန်းမသိ။