သိင်္ဂါ သူ့လက်မောင်းက ဒဏ်ရာကို ချုပ်တော့ ဘုန်းပြည့်ပြန်ရောက်လာမို့ မှူးဆက်အကြောင်းမေးကြည့်ရသည်။
"မှူးဆက် အခြေအနေဘယ်လိုလဲ"
"သူ့အိမ်ကလူတွေအကုန်ရောက်လာပြီ ဒဏ်ရာကို ချုပ်ဖို့လုပ်နေတယ် ထုံဆေးနဲ့ ဓာတ်မတည့်တော့ အဲ့ဒါပြသာနာနည်းနည်းဖြစ်နေတယ်"
"ဟိုကောင်ရော"
ဇွဲသုတအကြောင်းမေးလိုက်တော့ ဘုန်းပြည့်မျက်နှာပျက်သွားကာ
"သူ့အခြေအနေမကောင်းဘူး သွေးထွက်လွန်တယ်တဲ့ ပြီးတော့ လက်မောင်းက သွေးကြောတွေပြတ်ကုန်တာ ချက်ချင်းခွဲခန်းဝင်လိုက်ရတယ်"
"စွမ်းလေးနဲ့ရဲသွေးရော အဆင်ပြေရဲ့လားမသိဘူး"
"မသိဘူး ဖုန်းဆက်တာလည်း မကိုင်ဘူး"
"ရပြီနော် ဒဏ်ရာက သိပ်မနက်တော့ အနာမြန်မြန်ကျက်မှာပါ တစ်ပတ်လောက်နေရင် ချုပ်ရိုးဖြေဖို့ပြန်လာခဲ့နော် ရေမစိုစေနဲ့ သတိထား"
"ဟုတ်ကဲ့"
ထုံဆေးပေးပြီးချုပ်တာမို့ သူ့လက်တစ်ဖက်လုံး ထုံနေတာအပြင်ဘာမှမခံစားရ။
"ထုံဆေးပြယ်သွားရင်တော့ နာလာလိမ့်မယ် ဆေးစာရေးပေးလိုက်မယ် ဟိုဆရာမနောက်လိုက်သွားနော်"
"ဟုတ်"
"သား"
"သိင်္ဂါ"
အခန်းထဲကထွက်လာတာနဲ့ အဖေနဲ့လေးလေးတို့နဲ့ တည့်တည့်တိုးသည်။
"ဘယ်လိုဖြစ်ရတာလဲကွာ"
လေးလေးက ပတ်တီးစည်းထားတဲ့ သူ့လက်ကို ကြည့်ကာစိုးရိမ်တကြီးစကားဆိုသည်။
"အဖေတို့ ရှေ့မှာ စခန်းက လူတွေနဲ့ တွေ့ခဲ့တယ် သားကိုစိတ်ပူလို့ သားဆီအရင်လာတာ"
"ကျွန်တော်က ဘာမှသိပ်မဖြစ်ပါဘူး "
"တော်သေးတာပေါ့ သားတို့ကို အိမ်ပြန်လွှတ်အုံးမှာ မဟုတ်သေးဘူး အဖေတို့ အတတ်နိုင်ဆုံး အမြန်ရှင်းပေးမယ် သားတို့ဘာမှမဖြစ်စေရဘူး "
"ဟုတ် ကျွန်တော်တို့ မှူးဆက်အခြေအနေသွားကြည့်ချင်တယ်"
"အေးအေး အဲ့ဒါဆို သားတို့ အဲ့မှာစောင့်နေ ဘုန်းပြည့်ရော သားအဖေလည်း ရောက်နေပြီ ဟိုဘက်ကမိဘတွေနဲ့ စကားပြောနေတယ် "
YOU ARE READING
Teen Fictionအခ်စ္.....အမုန္း အချစ်.....အမုန်း ZawGyi+Unicode