အပိုင်း(၁၂)Unicode
4.3K 421 20
အစ်ကို့လက်တွေအားလျော့သွားတဲ့အချိန် အတင်းရုန်းကာ ထွက်ပြေးလာခဲ့ရသည်။အခန်းထဲရောက်မှ စိတ်ကိုငြိမ်နေအောင်ထားကာ အသက်ကိုအလုအယက်ရှူရသည်။
အစ်ကိုက သူ့ကိုချစ်တယ်တဲ့လား။သူနားကြားမှားတာလဲမဟုတ်ဘူး။အိမ်မက်မက်နေတာလဲ မဟုတ်ဘူး။
အစ်ကိုက တကယ်ပြောခဲ့တာ။အစ်ကို့ရဲ့ အနိုင်ကျင့်နည်း နောက်တစ်မျိုးလား။သူက မိန်းကလေးမှမဟုတ်တာ အစ်ကိုက သူ့ကိုဘာလို့ချစ်မှာလဲ စသည်ဖြင့် ခေါင်းထဲအတွေးပေါင်းစုံက နှိပ်စက်နေသည်။တစ်ခါမှ သူမစဉ်းစားမိခဲ့တဲ့အခြေအနေ။အစ်ကိုက သူ့ကို ကြည့်မရဘူး မုန်းနေတယ်လို့ ထင်ထားခဲ့တာ အခုကထင်ထားတာနဲ့ ပြောင်းပြန်ဖြစ်နေသည်။
"ဖိုးချမ်း....တံခါးဖွင့်စမ်း"
အခန်းတံခါးခေါက်သံနဲ့အတူ အစ်ကို့အသံကြောင့် လန့်ပြီး တုန်သွားမိသည်။တံခါးသွားဖွင့်ပေးရမလား မဖွင့်ရဘူးလား စဉ်းစားနေတုန်းမှာပဲ
"ဖိုးချမ်း.... နောက်သုံးစက္ကန့်နေလို့မှ တံခါးမဖွင့်ရင် ငါရိုက်ချိုးမှာနော်"
အစ်ကို့စကားကြောင့် တံခါးကို အမြန်ပဲသွားဖွင့်မိသည်။အစ်ကို့စကားတစ်ခွန်းဆို တစ်ခွန်းဖြစ်နေတာလဲ အကျင့်ပါနေပြီ။
တံခါးပွင့်လာတာနဲ့ ထိုကောင်လေးက သူ့ကို ကြောက်ရွံ့သလိုကြည့်နေပြန်သည်။အဲ့အကြည့်တွေကိုပဲ သူမကြိုက်တာ။တခြားသူတွေနဲ့ဆို ပြုံးပျော်နေသလောက် သူရှေ့ရောက်တာနဲ့ တခြားတစ်ယောက်လိုပြောင်းပြောင်းသွားတာမျိုး။
"ခုနက ငါပြောလိုက်တဲ့ စကားရဲ့ အဓိပ္ပာယ်ကို မင်းကောင်းကောင်းသိတယ်မလား မင်းကို လိမ်ညာပြီး ပြောနေတာလဲ မဟုတ်ဘူး မင်းနဲ့ပတ်သတ်ပြီးခံစားနေရတာကို အမှန်တိုင်းငါပြောတာ မင်းအတွက်ထူးဆန်းရင် ထူးဆန်းနေလိမ့်မယ် ဒါပေမဲ့ အဲ့အကြောင်းကို ပြောပြီးသွားပြီဆိုတော့ ပြန်ရုတ်သိမ်းလို့လဲ မရတော့ဘူး အဲ့တော့ မင်းအပေါ်ငါဘယ်လိုခံစားချက်ရှိတယ် ဆိုတာ မင်းသိထားရင်ရပြီ အခုလောလောဆယ်တော့ စာပဲသေချာလုပ် ဘာမှသေသေချာချာမဆုံးဖြတ်တတ်သေးတဲ့ အရွယ်က ပြောလာမယ့် စကားကိုလည်း ငါနားမထောင်ချင်သေးဘူး ဘာမှတွေးမနေနဲ့"