အပိုင်း(၂၇)Unicode
3.7K 386 23
ဒုတိယနှစ်ဝက်ကျောင်းပြန်ဖွင့်တော့ ကျောင်းတက်ရတာ အရင်ကလောက်ပျော်စရာမကောင်းခဲ့။မှူးဆက်က ရန်ကုန်မှာ camp ဝင်ဖို့ ကျောင်းပြောင်းသွားခဲ့တာကြောင့် တောင်ငူမှာ သူတို့လေးယောက်ပဲကျန်နေခဲ့သည်။ ဘုန်းပြည့်နဲ့ကလည်း မေဂျာကွဲသေးတာကြောင့် အတန်းထဲမှာ သူတို့သုံးယောက်ပဲငူငူငိုင်ငိုင်။ရဲသွေးကလည်း အချိန်ပြည့် သူတို့နဲ့ရှိမနေနိုင် သူ့ကောင်မလေးနဲ့ပဲ အနေများသည်။နောက်ဆုံးတော့ စွမ်းလေးနဲ့ သူနှစ်ယောက်ထဲ ကျောင်းတက်ချိန်တွေကို ပျင်းစရာကောင်းစွာ ကုန်ဆုံးခဲ့ရသည်။
ကန်တင်းမှာ နှစ်ယောက်ထဲ ထိုင်ရင်း ဟိုငေးဒီငေးနဲ့ပဲ အတန်းလစ်လာတဲ့ အချိန်ကို အကျိုးရှိရှိအသုံးချနေရသည်။ထူးထူးဆန်းဆန်း ဘယ်ကောင်မလေးကိုမှ စိတ်မဝင်စားသလို ထိုင်နေတဲ့ စွမ်းလေးကြောင့် စွမ်းလေးမှဟုတ်ရဲ့လားလို့ သံသယဝင်လာသည်။အရင်ကဆို လှတယ်ဆိုတာနဲ့ မျက်လုံးနှစ်လုံး ကျွတ်ကျမတက် ထိုင်ငမ်းတတ်တဲ့ကောင်က အခုတော့ သူမဟုတ်သလို မျက်နှာသေနဲ့ ကန်တင်းအဝင်လမ်းကိုပဲ စိုက်ကြည့်နေသည်။
"ဟေ့ကောင်"
"ဘာလဲ"
"ဘယ်သူလာမှာမို့လို့ အဲ့လောက်ကြည့်နေတာလဲ"
"ဘယ်သူမှမလာပါဘူးကွာ ကြည့်စရာမရှိလို့ အဲ့ဒီ့ကိုပဲ ကြည့်နေတာ"
"မင်း ဘယ်သူ့ကိုမှလိုက်မကြောင်တာတောင် တော်တော်ကြာနေပြီ ငါရှာပေးရမလား"
"တော်ပါကွာ စိတ်မပါဘူး"
"ထူးထူးဆန်းဆန်း"
"တကယ် ငါဘာဖြစ်နေမှန်းမသိဘူး ဘာမှကိုစိတ်မပါဘူး"
ငြီးတွားရင်း စွမ်းလေးလက်က စားပွဲပေါ်တင်ထားတဲ့ ဆေးလိပ်ဘူးကို လှမ်းတော့ သူပုတ်ချလိုက်ကာ
"ဆေးလိပ်မသောက်နဲ့"
"တစ်လိပ်တစ်လေကို ဘာဖြစ်လို့လဲ"
"ပြီးတာပဲ"
ဆေးလိပ်မီးညှိရင်း အရင်က ဆေးလိပ်သောက်တော့မယ်ဆို မသောက်ဖို့တဖွဖွပြောပြီး ဆေးလိပ်ဖွက်ထားတတ်တဲ့ ရဲသွေးအကြောင်းခေါင်းထဲရောက်လာတော့ ဆေးလိပ်ကြီး ကိုင်ပြီး သူ့မှာကြောင်တောင်တောင်။