အပိုင်း(၂၂)Unicode
3.6K 351 32
ရင်ဘတ်ကြီးတစ်ခုလုံးစုတ်ပြတ်သတ်သွားတဲ့ ခံစားချက်က ဖိုးချမ်း စကားတွေကြောင့်လား သူ့ကိုလွှတ်ပေးလိုက်ပါတော့ဆိုပြီး အသနားခံသလိုကြည့်နေတဲ့ ဖိုးချမ်းအကြည့်တွေကြောင့်လား ဘာတစ်ခုမှ ကွဲကွဲပြားပြားမသိတော့ပေမယ့် သူကောင်းကောင်းသိတာတစ်ခုက အခုသူအရမ်းနာကျင်နေတယ်ဆိုတာပါပဲ။ဖိုးချမ်းစိတ်တိုင်းကျသာနေပါစေတော့ဆိုပြီး အလျော့ပေးလိုက်ချင်တဲ့စိတ်ရယ် တစ်ဖက်ကလည်း ဖိုးချမ်းက သူ့အတွက်ပဲဖြစ်ရမယ်ဆိုတဲ့ မာနရယ် ခေါင်းထဲမှာလွန်ဆွဲနေသည်။ဘာဆက်လုပ်လို့လုပ်ရမှန်း မသိတော့လောက်အောင်ကို ခံစားချက်တွေက ရောထွေးနေသည်။
"ဟင်...ဘယ်လိုပုံစံဖြစ်လာတာလဲ"
လေးလေးက သူ့အိမ်ထဲရောက်နေကာ သူ့ကိုမြင်တော့ အံ့ဩတကြီးစကားဆိုလာသည်။တစ်လမ်းလုံး မျက်ရည်တွေပဲကျနေခဲ့တာကြောင့် သူ့မျက်လုံးတွေဖောင်းနေမှာသူသိသည်။
"သိင်္ဂါ......ဘာဖြစ်လို့လဲ လေးလေးကိုပြော"
စိတ်ပူပြီးမေးလာတဲ့ လေးလေးစကားကို ပြန်မဖြေနိုင်သေး အရင်ဆုံး ဆိုဖာပေါ်ခြေပစ်လက်ပစ်ထိုင်ချကာ ဆံပင်တွေကို ထိုးဖွလိုက်ပြီး သက်ပြင်းရှည်ကြီးတစ်ခုချမိသည်။
"ကျွန်တော် ဖိုးချမ်းနဲ့တွေ့လာတယ် လေးလေး"
"ဘာ....မင်း ဘယ်လိုဖြစ်ပြီးတော့....ကျစ်...အစ်ကိုကြီး သိရင် မင်းရော ဖိုးချမ်းရောမလွယ်ဘူးနော်"
"လေးလေး သိတယ်မလား ဖိုးချမ်း ဘယ်မှာရှိလဲဆိုတာ"
သူ့ကိုဖြေဖို့ခက်နေတဲ့လေးလေးကြောင့် ခပ်ယဲ့ယဲ့ပြုံးမိကာ
"ကျွန်တော့်ဘက်မှာ လေးလေးတော့ရှိမယ်ထင်ခဲ့တာ"
"မဟုတ်ဘူး သိင်္ဂါ.... ငါအမြဲတမ်း မင်းဘက်ကပဲ ဒါပေမယ့် အစ်ကိုကြီးကိုလည်း ငါမလွန်ဆန်နိုင်ဘူး"
"အဖေ့ကြောင့်လား ဒါမှမဟုတ် ဖိုးချမ်း သူ့သဘောနဲ့သူထွက်သွားတာလား ဖိုးချမ်းကတော့ ကျွန်တော်နဲ့ ဝေးရာမှာနေချင်လို့လို့ပြောတယ်"
"နှစ်ခုစလုံးပါပဲ ဖိုးချမ်းကို ငါလိုက်ပို့ခဲ့တာ တစ်လမ်းလုံး ငါနဲ့စကားပြောဖြစ်တယ် မင်းအကြောင်းတွေရောပေါ့ ငါတို့က သူ့ကို ကလေးလေးလိုပဲမြင်နေခဲ့တာ သူ့ရင်ဘတ်ထဲက ဒဏ်ရာတွေကို ငါတို့မမြင်ခဲ့ဘူး သူ့မှာလည်း သူ့ခံယူချက်နဲ့သူ သူ့မာနနဲ့သူရှိတယ် မင်းအရင်က ဖိုးချမ်းအပေါ်ဘာတွေလုပ်ခဲ့လဲ မင်းသိမှာပါ အဲ့ဒါတွေအကုန်လုံး ငြိမ်ခံခဲ့တာက မင်းနဲ့ အဆင်ပြေချင်လို့ သူအတော်လေး သည်းခံနေခဲ့တယ်လို့ငါထင်တယ်"