အပိုင်း(၁၄)Unicode
4.1K 396 26
ဆယ်တန်းစာမေးပွဲဖြေပြီးသွားတော့ အိမ်မှာနေရင်း အမေ့ကို အိမ်အလုပ်တွေဝိုင်းကူပေးဖြစ်သည်။
အစ်ကိုနဲ့ကတော့ မတွေ့ဖြစ်။မတွေ့ဖြစ်ဆိုတာထက် သူကရှောင်နေခဲ့တာဆိုရင်ပိုမှန်မည်။အစ်ကို့ကို တော်တော်လေးကြောက်သွားခဲ့သလို တော်တော်လေးကိုလည်းမုန်းမိသွားသည်။အခုချိန်သူ့ခေါင်းထဲမှာရှိတာက အောင်စာရင်းထွက်ပြီးရင် အိမ်ကထွက်သွားနိုင်ဖို့ပင်ဖြစ်သည်။
"သားအမိနှစ်ယောက်က မီးဖိုချောင်ထဲရောက်နေတာကိုး"
စကားသံနဲ့အတူ လေးလေးဝင်လာတော့ မေမေရောသူရော ပြုံးပြနှုတ်ဆက်လိုက်ကာ မေမေက
"ဟုတ်တယ် နေ့လည်စာတစ်ခါထဲစားသွားလေ"
"မစားတော့ပါဘူး အစ်ကိုကြီး ပြန်မလာဘူးလား"
"အင်း ဆိုင်မှာအလုပ်ရှုပ်နေလို့တဲ့ အဲ့ဒါ နေ့လည်စာသွားပို့ဖို့ပြင်နေတာ"
"ဪ ကျွန်တော် ဖိုးချမ်းကို လက်ဆောင်ပေးစရာရှိလို့ဝင်လာတာ"
"ဗျာ"
"အစကတော့ အောင်စာရင်းထွက်မှပေးမလို့ပဲ အဲ့ကျတအားနောက်ကျနေမှာစိုးလို့ ရော့..... ကြိုက်မယ်ထင်တယ်"
လေးလေးကမ်းပေးတဲ့ ဘူးကိုယူကာဖွင့်ကြည့်လိုက်တော့ ပစ္စည်းအစုံအလင်နဲ့အတူဖုန်းအမည်းလေးတစ်လုံး။အမေရော သူရော အံ့ဩကာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိပြီး
"လေးလေး"
"အားနာစရာကြီးကွယ် ဒီလိုတန်ဖိုးကြီး လက်ဆောင်ဘာလို့ပေးရတာလဲ"
"ဖိုးချမ်း ကြိုက်တယ်မလား ဆယ်တန်းလည်း ပြီးပြီဆိုတော့ ဖုန်းကိုအေးဆေးသုံးလို့ရပြီလေ ကျွန်တော် အစ်ကိုကြီးကိုလည်း ပြောပြီးသားပါ ကြိုက်သလိုသာသုံး"
ဖုန်းကိုလှည့်ပတ်ကြည့်ကာ သူသဘောကျနေမိသည်။ခေတ်မမှီဘူးပဲပြောပြော ဘာပဲပြောပြော အခုဖုန်းက ဘာဖုန်းမှန်းလဲသူမသိ။အမှန်တိုင်းပြောရရင် ဖုန်းတစ်လုံးကို ခုမှသေချာကိုင်ဖူးတာ။ပန်းသီးလေးပဲ့နေတဲ့ ဖုန်းတံဆိပ်ကိုမြင်လိုက်ရချိန်မှာတော့ သူမျက်မှောင်ကြုံ့မိသည်။ဒီလိုတစ်ပုံစံထဲဖုန်းအဖြူလေး အစ်ကိုကိုင်နေတာမြင်ဖူးသည်။အဲ့ဒါဆို သူ့ဖုန်းနဲ့ အစ်ကို့ဖုန်းက ဆင်တူပေါ့။ဖုန်းမှာတပ်ထားတဲ့ ကာဗာအကြည်လေးရဲ့ ထောင့်မှာ C.M.O ဆိုတဲ့ စာလုံးလေးပါကပ်ထားသေးသည်။