ဒီနေ့တော့ စာသင်ခန်းထဲမှာ ရဲသွေးနဲ့ သူနှစ်ယောက်ထဲ အတန်းချိန်အပြည့်တက်နေရသည်။အရင်က နှစ်ယောက်လုံး အတန်းပျက်ထားသမျှတွေကို အခုမှ ကျောင်းတက်ချိန်မပြည့်မှာစိုးလို့ အတိုးချပြီး တက်နေရခြင်းဖြစ်သည်။
"စွမ်းလေး ကျောင်းတကယ်မလာတာလား"
စွမ်းလေးအကြောင်း ရဲသွေးမေးလာတော့ သူခေါင်းညိတ်ပြလိုက်ရင်း
"အင်း ငါမနက်က သွားခေါ်သေးတယ် နေမကောင်းဘူးတဲ့"
"ဟုတ်လား ကျောင်းဆင်းရင် သူ့အိမ်သွားကြည့်မှထင်တယ်"
"သိင်္ဂါနောင်"
ရဲသွေးနဲ့စကားပြောနေတုန်း သူ့နာမည်ခေါ်သံကြောင့် အသံကြားရာကြည့်လိုက်တော့ ဌာနမှူးဖြစ်နေသည်။
"သားပစ္စည်းတွေသိမ်းပြီး တစ်ခါထဲလာခဲ့"
ဆက်ပြောတဲ့စကားကြောင့် ရဲသွေးရော သူရောအကြောင်သား။ဌာနမှူးနောက်ကနေ လေးလေးကိုပါ မြင်လိုက်ရတော့ စိတ်ထဲထိတ်ခနဲတော့ဖြစ်သွားသည်။
ဘာတွေများဖြစ်လို့ပါလိမ့်။
အတွေးနဲ့အတူ ပစ္စည်းတွေသိမ်းပြီး အပြင်ထွက်တော့ ရဲသွေးရော နောက်ကလိုက်ထွက်လာသည်။တစ်ခန်းလုံးကလည်း ဘာများဖြစ်တာလဲဆိုတဲ့အတွေးတွေနဲ့ စူးစမ်းနေကြသည်။
"ဘာဖြစ်လို့လဲ တီချယ်ကြီး"
"သား ဦးလေးနဲ့အမြန်သာလိုက်သွားတော့ သွား"
တီချယ်ပြောလို့ လေးလေးနောက်ကနေအမြန်သာလိုက်လာရသည် အခုထက်ထိ ဘာဖြစ်မှန်းမသိသေး။
"လေးလေး ဘာဖြစ်လို့လဲ "
ကားပေါ်ရောက်မှ လေးလေးက သက်ပြင်းချကာ
"အရင်ဆုံး မင်းစိတ်ကိုငြိမ်ငြိမ်ထား "
လေးလေးပြောလိုက်မှ နဂိုငြိမ်နေတဲ့စိတ်ကလှုပ်ရှားကာ လန့်ပါလန့်လာသည်။
"အစ်ကိုကြီး car accident ဖြစ်လို့ ဆေးရုံမှာ အသက်လုနေရတယ်"
"ဗျာ"
ခန္ဓာကိုယ်ထဲကသွေးတွေပြောင်းပြန်စီးသွားသည့်နှယ် သွေးခုန်နှုန်းတွေရော နှလုံးခုန်နှုန်းတွေရော ဆောင့်တက်လာသည်။ချက်ချင်းကို ခြေဖျားလက်ဖျားတွေအေးစက်ပြီး အသားတွေပါတုန်လာသည်။
YOU ARE READING
Teen Fictionအခ်စ္.....အမုန္း အချစ်.....အမုန်း ZawGyi+Unicode