ခြံထဲစိုက်ထားတဲ့အပင်တွေ ရေလောင်းနေပေမယ့် အာရုံစိုက်လို့မရတာ နောက်ကထိုင်ကြည့်နေတဲ့ အစ်ကိုကြောင့်ပဲဖြစ်လိမ့်မည်။ကိုယ့်ကိုယ်ကိုယ် ကျောမလုံသလိုခံစားနေရတာကို မနေနိုင်တဲ့အဆုံး ရေပန်းခရားကို ဘေးချလိုက်ကာ အနောက်လှည့်လိုက်ပြီး
"အစ်ကို ကျွန်တော့်ကို ဒီလိုပဲကြည့်နေတော့မှာလား"
သူပြောလိုက်တော့ အစ်ကိုက အကြည့်တွေကို တစ်စက်ကလေးမှမလွှဲပဲ သူ့တစ်ကိုယ်လုံးကို ဝါးစားတော့မတက်ကြည့်နေရင်းပဲ
"ဟင်....ဒီလိုမကြည့်လို့ ဘယ်လိုကြည့်ရမှာလဲ"
ပြုံးစစမျက်နှာပေးနဲ့ပြောလာတဲ့အစ်ကို့ကို သူမနိုင်မှန်းသိတာကြောင့် ဆက်မပြောတော့ပဲ အပင်တွေကိုသာ အာရုံပြန်စိုက်လိုက်တော့သည်။
အပင်တွေကို တယုတယစိုက်ပျိုးနေတဲ့ ကောင်လေးရဲ့ကျောပြင်ကို နောက်ကနေပြေးဖက်ချင်စိတ်က မနည်းထိန်းနေရသည်။သူဖိုးချမ်းဆီမှာနေတာ ဒီနေ့နဲ့ဆို သုံးရက်မြောက်ရှိပြီ။မနက်ဖြန်ဆို သူပြန်ရတော့မည်။
ဒီရက်ပိုင်းအတွင်း ဖိုးချမ်းနဲ့ အရင်ကထက် အဆင်ပြေပြေနေနိုင်တာကိုပဲ သူ့မှာကျေနပ်နေရသည်။ဒီကို နောက်တစ်ကြိမ် ဘယ်တော့မှ ပြန်လာနိုင်မလဲမသိတာကြောင့် မပြန်ခင် ဖိုးချမ်းကို တစ်ခါလောက်တော့ ပွေ့ဖက်ချင်မိသည်။အတွေးကောင်းနေတုန်း လေးလေးဆီက ဖုန်းဝင်လာတော့ သူမကိုင်ပဲနေလို့ကလဲမရ။
"မင်း ပြန်မလာသေးဘူးလား"
ဖုန်းကိုင်လိုက်တာနဲ့ သူဘာမှမပြောရသေးခင် လေးလေးအော်သံကအရင်ထွက်လာသည်။
"လေးလေးကလဲ ကျွန်တော် မနက်ဖြန်ပြန်လာမှာပါ အဖေပြန်လာပြီတဲ့လား"
"အေး စောစောသာပြန်လာခဲ့ အစ်ကိုကြီးဖုန်းဆက်တိုင်း ငါလိမ်နေရတာ ခေါင်းကျိန်းလာပြီ"
"ဟုတ်ကဲ့ပါ ကျွန်တော် မနက်ဖြန် မနက်စောစော ပြန်လာခဲ့မယ်"
ဖုန်းချလိုက်ပြီး လေပူတစ်ချက်မှုတ်ထုတ်မိသည်။မြင်နေရတဲ့ ဖိုးချမ်းကျောပြင်လေးကိုပဲ ဓာတ်ပုံခိုးရိုက်လိုက်ကာ ဖုန်းကို အခန်းပြတင်းပေါက်ကနေ အိပ်ယာပေါ်လှမ်းပစ်လိုက်ပြီး ရေအပြည့်ဖြည့်ထားတဲ့ အုတ်ကန်ဘက်ကို ခြေသံလုံလုံလျှောက်သွားလိုက်သည်။
YOU ARE READING
Teen Fictionအခ်စ္.....အမုန္း အချစ်.....အမုန်း ZawGyi+Unicode