ကျောင်းသွားဖို့ စွမ်းလေးကို သွားခေါ်ခဲ့ပြီး ကျောင်းလမ်းအတိုင်း ဆိုင်ကယ်မောင်းလာတော့ စွမ်းလေးက နောက်ကနေ ဂိမ်းဆော့မပျက်။
"ဆိုင်ကယ်စီးနေရင်း ဂိမ်းမဆော့စမ်းနဲ့"
"ဘာဖြစ်လို့လဲ ဒီမှာ နိုင်ခါနီးနေပြီ"
"လမ်းက ချိုင့်တွေနဲ့ ခုန်လိုက်ရင် သတိလွတ်ပြီး ပြုတ်ကျနေမယ်"
"ဘာလဲ ကောင်မလေးတွေလို ခါးဖက်စီးရမှာလား ဒီလိုလေ"
စွမ်းလေးကပြောပြောဆိုဆို သူ့ခါးကို လက်နှစ်ဖက်လုံးနဲ့ သိုင်းဖက်လိုက်တာမို့ မျက်လုံးပြူးသွားကာ အသက်ပါအောင့်ထားမိသည်။ခဏလေးပါပဲ ဖက်ထားတဲ့လက်တွေပြန်ရုပ်သွားမှ အသက်ပြန်ရှူမိသည်။
စွမ်းလေးကိုပြောဖို့ပြင်နေတဲ့စကားလုံးတွေတောင် မေ့ခါနီးဖြစ်သွားတာမို့ မနည်းပြန်စဉ်းစားလိုက်ရကာ
"မင်းကို ပြောမလို့"
"မပြောနဲ့တော့ ဒီမှာ နိုင်သွားပြီ မဆော့တော့ဘူး"
စွမ်းလေးက ဂိမ်းမဆော့ဖို့ထပ်ပြောမယ်ထင်နေကာ သူ့ထက်အရင် ဦးအောင်ပြောလာသည်။
"ကျစ်....အဲ့ဒါမဟုတ်ဘူး မင်း သိင်္ဂါနဲ့ ဘာတွေပေါင်းကြံလိုက်တာလဲ"
"ဘာကိုလဲ"
"မနေ့က လက်ဖက်ရည်ဆိုင်မှာ သူ့ဦးလေးနဲ့တွေ့တယ် မင်းတို့ကောင်သူ့အကွက်နဲ့သူရိုက်ခံလိုက်ရတယ် ဆိုပြီးပြောလာတာ အဲ့တော့မှ ဖိုးချမ်းတို့ရွာသွားတဲ့အကြောင်း ဖိုးချမ်းအဖေနဲ့တွေ့လာတာတွေသိရတာ အဲ့ကိစ္စ သိင်္ဂါကိုကူညီနိုင်တာမင်းပဲရှိတာ အခုမှ မသိချင်ယောင်ဆောင်မနေနဲ့"
"သိင်္ဂါရိုက်ခံလိုက်ရတယ် ဟုတ်လား.....ငါဘာမှမကြံပါဘူး ငါတို့ဆီဆိုင်မှာ ဖိုးချမ်းတို့ရွာကအလုပ်လာလုပ်တဲ့ ကောင်လေးရှိတယ်လို့ပြောဖူးတာကို သူသတိရပြီး ငါ့ဆီလာတွေ့လို့ အဲ့ကောင်လေးနဲ့တွေ့ပေးလိုက်တာပဲရှိတာ "
"မညာနဲ့နော် စွမ်းလေး ငါဆိုင်ကယ်ပေါ်ကကန်ချမှာ"
"အချစ်ရယ် မင်းမလုပ်ရက်ပါဘူး"
YOU ARE READING
Teen Fictionအခ်စ္.....အမုန္း အချစ်.....အမုန်း ZawGyi+Unicode