"ဘာတွေလုပ်နေတာလဲ"
"အမလေး....ဪ လန့်လိုက်တာဗျာ အသံမပေးဘာမပေးနဲ့"
ဘာတွေလုပ်နေမှန်းမသိတဲ့ သီဟက သူ့အသံကြားတော့ လန့်ဖျန့်ပြီး ဘုရားတသည်။
"ငါ အိမ်ရှေ့ရောက်ကတည်းက အော်နေတာ မင်းမကြားတာလေ"
"ဟဲဟဲ ကျွန်တော့်အာရုံက ဒီထဲရောက်နေလို့ အစ်ကိုလေး မရှိဘူး ကိုစွမ်းရဲ့"
"ထင်ပါတယ် ငါအော်ခေါ်နေတာ ဘယ်သူမှမကြားကတည်းက နေပါဦး မင်းက ဘာတွေလုပ်နေတာလဲ"
"အမှိုက်တွေ မီးရှို့ဖို့လေ သေချာပြန်ကြည့်နေတာ အကောင်းတွေရောပါသွားမှာစိုးလို့ ဪ ကိုစွမ်းရောက်လာတာနဲ့ အတော်ပဲ ကျွန်တော်ပြမယ် ခဏ"
ခဏဆိုပြီး သီဟက သူ့အိပ်ခန်းထဲဝင်သွားကာ ပြန်ထွက်လာတော့ လက်ထဲမှာ အထုပ်တစ်ထုပ်ပါလာသည်။
"ဘာတွေလဲ"
"ကိုစွမ်းပုံတွေ"
"ဟမ်"
သူ့ပုံတွေဆိုလို့ စိတ်ဝင်စားစွာနဲ့ အထုပ်ထဲကပုံတွေထုတ်ကြည့်တော့ နည်းတာမဟုတ်။
"ဟိုတစ်ခါ အစ်ကိုလေးနဲ့ အစ်ကိုတို့ ရန်ဖြစ်ကြတယ်လေ အဲ့ဒါပြီးတော့ အစ်ကိုလေးက ဒီပုံတွေမီးရှို့နေတာ ကိုပြည့်တို့ရောက်လာလို့ ရှို့နေရင်းတန်းလန်းထွက်သွားတာနဲ့ ကျွန်တော် ရသလောက်ပြန်ယူထားလိုက်တာ ဓာတ်ပုံတွေ မီးရှို့တာ မကောင်းဘူးထင်လို့"
သီဟပြောတဲ့စကားတွေနားထောင်ရင်း ပုံတွေကို သေချာကြည့်မိတော့ သူ့တစ်ယောက်ထဲပုံတွေကြည့်တွေ့ရသည်။ကျန်တဲ့လူတွေတောင် သိပ်မပါ။
"အကုန်လုံး ငါ့ပုံတွေလား"
"ဟုတ်မယ်ထင်တယ် အခန်းထဲမှာ ကပ်တဲ့ပုံပဲ နောက်ဘက်မှာ တိပ်အစလေးတွေတွေ့တယ်"
"ဘာ"
ဘာရယ်မဟုတ်ပါပဲ နှစ်ယောက်သားအကြည့်ချင်းဆုံဖြစ်ကြသည်။သူ့ပုံတွေကြည့်ပဲ ရဲသွေးက ဘာလုပ်ဖို့ အခန်းထဲမှာကပ်တာပါလိမ့်။စဉ်းစားရင်းခေါင်းထဲပေါ်လာတဲ့ အတွေးတစ်ခုကြောင့် မဖြစ်နိုင်ပါဘူးလေဆိုပြီး ခေါင်းခါမိသည်။
YOU ARE READING
Teen Fictionအခ်စ္.....အမုန္း အချစ်.....အမုန်း ZawGyi+Unicode