မျက်လုံးကို နေအလင်းရောင်စူးစူး လာရိုက်ခတ်တော့မှပဲ လေးလံနေတဲ့ မျက်ခွံကို အားယူပြီးဖွင့်ရသည်။
မြင်နေကျမဟုတ်တဲ့ နေရာကြောင့် စိတ်နဲ့ကိုယ်ကပ်တော့မှ ဖိုးချမ်းရွာရောက်နေတယ်ဆိုတာ သတိရသည်။တစ်ညလုံးဖိုးချမ်းကို ဖက်ပြီး အိပ်ခဲ့တာကို ပြန်စဉ်းစားမိတော့ နှုတ်ခမ်းတို့ကအလိုလိုပြုံးလာသည်။ဘေးမှာချထားတဲ့ဖုန်းကိုယူကြည့်လိုက်တော့ ၉နာရီတောင်ထိုးခါနီးပြီ။
ကိုယ်ပေါ်ကစောင်ကိုခွာချကာ အခန်းထဲကထွက်လာလိုက်တော့ မီးဖိုချောင်မှာအလုပ်ရှုပ်နေတဲ့ ဖိုးချမ်းကို မြင်လိုက်ရသည်။"ဘာတွေချက်နေတာလဲ"
"ဪ အစ်ကို နိုးပြီလား ဟိုဘက်က ရေတိုင်ကီမှာ ကျွန်တော်ရေဆွဲပေးထားတယ် အစ်ကို အဲ့မှာ မျက်နှာသစ်လို့ရပြီ"
"အင်း"
မျက်နှာသစ်ပြီးသွားတော့လဲ ဘာမှလုပ်စရာမရှိတာမို့ ပါလာတဲ့ မုန့်ထုတ်ဖောက်ကာ ထိုင်စားနေလိုက်သည်။သူကသာ ဘာမှလုပ်စရာမရှိတာ ဖိုးချမ်းကတော့ ဘာတွေလုပ်နေမှန်းကို မသိ အခုထိငြိမ်ငြိမ်နေတာမမြင်ရသေး။
"မနက်က ဈေးဘယ်ချိန်သွားလိုက်တာလဲ"
အလုပ်လုပ်နေပေမယ့် သူပြောတာကိုတော့ အာရုံရသေးသည် ပြန်ဖြေလာသည်။
"ငါးနာရီခွဲလောက်က"
ငါးနာရီခွဲဆိုလို့ သိင်္ဂါမျက်လုံးပြူးသွားကာ
"အဲ့လောက်အစောကြီး ဘယ်ထိသွားရတာမို့လို့လဲ"
"ဟိုဘက်ရွာကိုလေ အဲ့မှာ မနက်ခင်းဈေးရှိတယ်"
"ဒီရွာမှကျ မရှိဘူးလား"
"ဟုတ် ရွာမှာက ကိုယ်ဘာသာ တစ်ပိုင်တစ်နိုင်စိုက်ပြီး စားကြတာမျိုးလေ အသားငါးအသီးအရွက် စုံစုံလင်လင်ဝယ်ချင်ရင်တော့ ဟိုဘက်ရွာသွားရတယ် "
"ဪ"
လူနေမှုမတိုးတက်တာတင်မဟုတ် အစားအသောက်ကလဲမလွယ်ကူ ဒီလိုရွာမှာတာ့ ဖိုးချမ်းကို ကျောင်းဆရာအဖြစ် ဘယ်လိုမှခွင့်မပြုနိုင်ဘူးလို့တွေးမိသည်။ ဘယ်လောက်ပဲ သူနေခဲ့တဲ့ရွာ သူ့ဇာတိလို့ပြောပြော ဖိုးချမ်းကို ဒီလိုအခြေအနေမှာတော့ မထားနိုင်။
YOU ARE READING
Teen Fictionအချစ်.....အမုန်း အချစ်.....အမုန်း ZawGyi+Unicode