အပိုင်း(၁၀)
2.1K 244 20
ထိုကောင်လေးနာမည်က လင်းရောင်စဉ်တဲ့။TU မှာ ဇွဲသုတတို့နဲ့ တစ်ခန်းထဲဖြစ်ကာ သူ့ကိုသိတာလဲ ရန်ဖြစ်တဲ့ကိစ္စကနေ စသိတာလို့ပြောသည်။ချစ်သူတွေလို တွဲတာမျိုးမဟုတ်ပေမဲ့ တွဲသွားတွဲလာတော့ လုပ်ဖြစ်သည်။အခုလည်း ဖိုးချမ်းစာမေးပွဲနောက်ဆုံးနေ့မို့ သွားကြိုတော့ ကပ်ပါလာပြန်သည်။ဖိုးချမ်းနဲ့ သူ့သူငယ်ချင်း ရန်နိုင်ဆိုတဲ့ကောင်လေး ရပ်စောင့်နေတဲ့နေရာကို သူ့ကားရပ်လိုက်ကာ ဖိုးချမ်းကို ကားပေါ်တက်ဖို့ပြောတော့ လင်းရောင်စဉ်က
"သူငယ်ချင်းကိုပါခေါ်လိုက်ပါလား တစ်ယောက်ထဲပြန်နေရမှာပေါ့"
"အင်း.....မင်းသူငယ်ချင်းပါခေါ်လိုက်လေ ငါလိုက်ပို့ပေးမယ်"
ရန်နိုင်ကိုပါ လိုက်ပို့ပေးမယ်ဆိုလို့ အံ့ဩရပြန်သည်။ဘာလို့ဆို အစ်ကိုက သူ့ကို အမိန့်ပေးသလို တစ်ခုခုလုပ်ခိုင်းတာမျိုးကို မကြိုက်မှန်း သူကောင်းကောင်းသိသည်။ဒါပေမဲ့ အခုကျတော့ အစ်ကို့သူငယ်ချင်းတွေထဲမှာ သူတစ်ခါမှ မမြင်ဖူးတဲ့ ဘေးကတစ်ယောက်ရဲ့စကားကို အစ်ကိုက နားထောင်လိုက်တာမို့ သူပိုအံ့ဩရသည်။
ကျောင်းရှေ့ကနေ ကားမောင်းထွက်လာကတည်းက နောက်ခန်းမှာ နှစ်ယောက်သားခေါင်းချင်းဆိုင်က တိုးတိုး တိုးတိုးပြောနေတဲ့နှစ်ယောက်ကို မှန်ကနေတဆင့်မြင်ရတော့ သူအလိုလိုနေရင်း မျက်မှောင်ကြုံ့မိသည်။လင်းရောင်စဉ်က သူ့ပုံစံကိုကြည့်ပြီး ရယ်ကာမျက်နှာလွှဲသွားသည်။
ရန်နိုင်ကို လိုက်ပို့ပေးပြီး သူတို့အိမ်ရှေ့ရောက်လာတော့ ဖိုးချမ်းဆင်းဖို့ ကားကိုခြံရှေ့မှာရပ်လိုက်ပေမယ့် လင်းရောင်စဉ်က
"အိမ်ထဲအလည်ခေါ်မယ်မလား "
"လိုက်ကြည့်ချင်လို့လား"
"အင်း"
သိင်္ဂါခေါင်းညိတ်လိုက်ကာ နောက်ခန်းက ဖိုးချမ်းဘက်လှည့်ပြီး
"ဖိုးချမ်း... ခြံတံခါးဆင်းဖွင့်"
"ဟုတ်"
သူခြံတံခါး အမြန်ဆင်းဖွင့်ပြီးတာနဲ့ အစ်ကိုက ကားကို ခြံထဲမောင်းဝင်ကာ ကားပေါ်ကဆင်းပြီး နှစ်ယောက်သား အစ်ကို့အိမ်ဘက်ကို ဦးတည်သွားတော့သည်။မေ‌မေက အိမ်ထဲကထွက်လာတော့ သူပြုံးပြီး မေမေ့ဆီလျှောက်သွားလိုက်ကာ