ကျောင်းနားလိုက်ရတော့ အဖေ့အလုပ်တွေကူလုပ်ပေးရင်းနဲ့ပဲ အချိန်ကိုအကျိုးရှိရှိဖြုန်းနေလိုက်သည်။ ရဲသွေးလည်းသူ့အဖွားနေမကောင်းတာကြောင့် တောင်ငူကိုပြန်ရောက်လာပြီ။မှူးဆက်လည်း သက်သာသွားပြီမို့ အပြင်တွေဘာတွေထွက်နေပြီ ဒါပေမဲ့ မျက်နှာမှာ အမာရွတ်ကြီးက ထင်းနေတာမို့ mask အမြဲတမ်း တပ်ထားတတ်သည်။
ညနေဖက် သူတို့အားလုံးစုပြီး ဖူဆယ်ကွင်းမှာ ဘောလုံးကန်ဖြစ်ကြရင်း
"ငါနောက်တစ်ပတ် ဘန်ကောက်သွားမလို့"
မှူးဆက်ဆီက ထွက်လာတဲ့စကားကြောင့် အကုန်လုံး အံ့ဩသွားကာ
"အလည်လား မိသားစုနဲ့"
"အဖေမပါဘူး ဆေးသွားကုမလို့"
"ဪ"
"မှူးဆက်"
သိင်္ဂါ ကွင်းထဲထိုင်ချကာ မှူးဆက်ကိုခေါ်လိုက်တော့ မှူးဆက်က ဘောလုံးကို ဆော့နေရင်း
"ဘာလဲ တောင်းပန်အုံးမလို့လား တော်ပြီ ငါဘာမှမဖြစ်ဘူး စိတ်ထဲလဲ ဘာမှမရှိပါဘူး "
မှူးဆက်ဆေးရုံဆင်းကတည်းက မှူးဆက်အိမ်ကို နေ့တိုင်းသွားလည်ကာ တောင်းပန်စကားပဲတဖွဖွပြောနေတော့ မှူးဆက်လည်း သူ့ကိုအမြင်ကပ်နေလောက်ပြီ။
"ဂရုစိုက်နော် "
"အင်း"
ဘောလုံးကန်ပြီး ညနေစောင်းမှ အိမ်ပြန်ရောက်လာတော့ ခြံထဲမဝင်ခင် ဖိုးချမ်းအရိပ်အခြည်ကြည့်ရသေးသည်။ဘာမှ ထူးထူးခြားခြားမတွေ့တော့မှ ခြံထဲဝင်လာရသည်။ ဝဋ်လည်တယ်ဆိုတာ ဒါကိုပြောတာလားလို့တောင် တွေးမိသည်။ အရင်က ဖိုးချမ်းက သူ့အရိပ်အခြည်ကြည့် ပြီးနေခဲ့ရသမျှ အခုသူက ထိုအတိုင်းပြန်နေနေရသည်။ အရင်က ဖိုးချမ်းကိုကြည့်မရလို့ ရှောင်နေခဲ့တဲ့သူက အခု ဖိုးချမ်းကိုမြင်ရင် မဟုတ်ကဟုတ်က ခံစားချက်တွေဝင်ဝင်လာလို့ ရှောင်နေရသတဲ့။
"ဪ သားပြန်ရောက်ပြီလား"
"ဟုတ်"
ခြံနောက်က သူ့အိမ်ဆီသွားနေတုန်း အဖေက လှမ်းမြင်ပြီး ခေါ်တာမို့ အိမ်ထဲဝင်လာလိုက်သည်။ထူးဆန်းတာက ခုချိန်ထိ ဖိုးချမ်းကို ဘယ်မှာမှမမြင်ရသေး။
YOU ARE READING
Teen Fictionအခ်စ္.....အမုန္း အချစ်.....အမုန်း ZawGyi+Unicode