"အား....ဘာကြီးလဲ....လန့်လိုက်တာ....သေတော့မှာပဲ"
ရဲသွေး စောစောစီးစီး အိပ်ယာနိုးတာနဲ့ အခန်းပြင်ထွက်လာတော့ ဆိုဖာပေါ်မှာ ဆံပင်ဖြူဖြူစုတ်ဖွားနဲ့ လှဲနေတဲ့သူကို ရုတ်တရက်မြင်လိုက်ရတာမို့ လန့်ဖျန့်ပြီး လူကထခုန်မိမတက် ပြီးမှ မှူးဆက်မှန်းသိကာ စိတ်အေးသွားရသည်။
"ဒီကောင်ကဘယ်လိုဖြစ်ပြီးရောက်နေတာလဲ"
သူ့အသံကြားတော့ သီဟက မီးဖိုချောင်ထဲကနေထွက်လာကာ
"အကိုလေး နိုးပြီလား"
"နေပါအုံး သူကဘယ်လိုဖြစ်ပြီး ရောက်နေတာလဲ"
"မနက်က အစောကြီးပဲရောက်လာတာ ပြီးကျတော့ အိပ်ချင်လို့ဆိုပြီး အိပ်သွားတာပဲ"
"ထူးထူးဆန်းဆန်း"
မှူးဆက်ကို သေချာကြည့်လိုက်တော့လဲ အိပ်မောကျနေတာမို့ အခန်းထဲပြန်ဝင်ကာ စောင်နဲ့ ခေါင်းအုံး ယူလာပြီး မှူးဆက်ခေါင်းအောက် ခေါင်းအုံးထိုးပေးလိုက်ကာ စောင်ခြုံပေးပြီး မနက်စာစားဖို့ မီးဖိုချောင်ထဲဝင်လာလိုက်သည်။
"မှူးဆက်အတွက်ရော မနက်စာလုပ်ပေးလိုက်အုံး "
"ဟုတ်"
ကျောင်းလည်းပိတ်ထားတော့ ထွေထွေထူးထူးဘာမှလုပ်စရာမရှိတာနဲ့ ခြံထဲကဒန်းမှာပဲ မှူးဆက်နိုးလာတာစောင့်ရင်း ဂိမ်းထိုင်ဆော့နေလိုက်သည်။ဂိမ်းဆော့တာ တော်တော်ကြာသွားတော့မှ မှူးဆက် ရောက်လာကာ ဘေးနားဝင်ထိုင်ပြီး
"မင်း....ဘယ်ကတည်းကလဲ"
မှူးဆက်ဆီက အစမရှိမဆုံးမရှိထွက်လာတဲ့ စကားကြောင့်
"ဘာလဲ ဘာကိုဘယ်ကတည်းကလဲ"
မှူးဆက်ဆီက သက်ပြင်းချသံကြားလိုက်ရကာ
"ငါ...မင်းအခန်းထဲရောက်ခဲ့တယ်"
မှူးဆက်စကားအဆုံးမှာ ရင်ဘက်ထဲက ဒိန်းခနဲဆောင့်ခုန်ကာ အကြောင်သားဖြစ်သွားသည်။ပြီးမှ အသိစိတ်ပြန်ကပ်ကာ စိတ်အေးအေးထားပြီး
"မင်းတွေ့သွားပြီပေါ့"
"အင်း....ငါတမင်ဝင်တာတော့မဟုတ်ပါဘူး နိုးလာတော့ မင်းစောင်တွေခေါင်းအုံးတွေ ဝင်ထားရင်း တွေ့တာ"
YOU ARE READING
Teen Fictionအချစ်.....အမုန်း အချစ်.....အမုန်း ZawGyi+Unicode