အကွေ့အကောက်တွေများတဲ့ လမ်းပေါ်ကားအဖြူလေးတစ်စီးကတော့ နေရောင်ခြည်ကို အံတုပြီး တရိပ်ရိပ်ပြေးနေသည်။
"နေပါဦး အဲ့ကောင်က တကယ်ပြန်မလာတော့ဘူးတဲ့လား"
"ပြန်မလာလို့ ငါတို့က သူ့ဆီသွားလည်နေရတာပေါ့"
"ရဲသွေး ငါ့ဆီ မနေ့က ဖုန်းဆက်တယ်"
"ဘာတဲ့လဲ"
"စွမ်းလေးဆီ ငါတို့သွားမယ်ဆိုတာ လှမ်းမေးတာ"
"ဘာလဲ လိုက်ချင်လို့တဲ့လား"
"မဟုတ်ဘူး သူမနေ့ကပဲ လွိုင်ကော်ရောက်တယ်တဲ့ သူတို့ company ကိစ္စနဲ့ ငါတို့ရောက်ရင် ဆုံမယ်ဆိုတဲ့အကြောင်းပြောတာ စွမ်းလေးနဲ့လည်း တွေ့ချင်နေပုံရတယ်"
"တစ်နှစ်တောင်ကျော်သွားပြီပဲ စွမ်းလေးအပေါ် သံယောဇဉ်တွေကျန်နေတုန်းလား"
"အဲ့ဒါပြောတာလေ အချစ်ဦးကို ရူးတောင်မမေ့ဘူးဆိုတာ"
ပါးစပ်ကလွှတ်ခနဲထွက်သွားပြီးမှ ကိုယ့်စကားကိုယ်မှားမှန်းသိတော့သည်။သိင်္ဂါနဲ့ ဖိုးချမ်းက ရယ်နေကာ ဘုန်းပြည့်ကကားမောင်းနေရင်း ခေါင်းတခါခါနဲ့ဖြစ်နေတာကြောင့် သူ့ဘေးက ယံယံကို လှည့်မကြည့်ရဲ။
"မင်း..ခန့်..မှူး..ဆက် ဘာပြောလိုက်တယ် ပြန်ပြောပါဦး"
"ရဲသွေး အကြောင်းပြောတာပါ စွမ်းလေးက သူ့အချစ်ဦးလေ အဲ့ဒါကို ပြောတာပါ တခြား ဘာရည်ရွယ်ချက်မှ မပါပါဘူး"
"အေး သတိထားနေ"
"လွိုင်ကော် ရောက်ဖို့ လိုသေးတာလား"
"အခုမှ ပင်လောင်းရှိသေးတာ"
အိပ်နေရာက နိုးလာပြီး ထပြောတဲ့ ရှားရှားစကားကြောင့် မှူးဆက် ယံယံရဲ့ နဂါးမျက်စောင်းဆီကနေ ကင်းလွတ်ခွင့်ရသွားတော့သည်။
"ရှေ့မှာ ဆိုင်တွေ့ရင် ခဏနားလိုက်လေ ဟိုဘက် ငါမောင်းမယ်"
လမ်းဘေးစားသောက်ဆိုင်တစ်ခုမှာ ခဏတစ်ဖြုတ်ဝင်နားပြီးတာနဲ့ မှူးဆက်နဲ့ ဘုန်းပြည့်တို့ နေရာချင်းလဲလိုက်ကာ ခရီးဆက်လာခဲ့သည်။ဖိုးချမ်းက သူ့ကို ခေါင်းမူးမှာစိုးလို့ ဆိုပြီး တစ်လမ်းလုံး လိမ္မော်သီး ခွာကျွေးလိုက် စပျစ်သီးတွေကျွေးလိုက် ပန်းသီးတွေစိပ်ပေးလိုက်နဲ့ ဗိုက်ထဲလည်း အသီးပေါင်းစုံဖြစ်နေပြီ။
YOU ARE READING
Teen Fictionအချစ်.....အမုန်း အချစ်.....အမုန်း ZawGyi+Unicode