"ဟဲ့ ရန်နိုင်က ဘယ်ရောက်နေလို့လဲ"
"သူ့အမေခိုင်းထားတာလေးလုပ်နေလို့ ခဏနေမှလာခဲ့မယ်တဲ့"
သူငယ်ချင်းတွေ မုန့်စားဖို့ချိန်းထားတာမို့ နှင်းပွင့်ကို သွားခေါ်လာကာ စကားပြောရင်း ချိန်းထားတဲ့ဆိုင်ရှေ့ဆိုင်ကယ်ရပ်လိုက်တော့ ဘေးကရပ်ထားတဲ့ click တစ်စီးကိုသတိထားမိသွားသည်။
မော်ဒယ်အသစ်ထွက်ထွက်ချင်း အစ်ကို့အတွက်ဆိုပြီး လေးလေးတကူးတကလှမ်းမှာပေးထားတဲ့ဆိုင်ကယ်။ လောလောဆယ် တောင်ငူမှာ အစ်ကို့တစ်ဘီးပဲရှိသေးတဲ့ ဆိုင်ကယ်။
"ဘာတွေ အဲ့လောက်ကြည့်နေတာလဲ"
"သြော် အစ်ကို့ ဆိုင်ကယ်လေ"
"ဟယ် အဲ့ဒါဆို နင့်အစ်ကို ဆိုင်ထဲမှာရှိမှာပေါ့ ဟီးဟီး တွေ့ရဦးမယ်"
နှင်းပွင့်က အစ်ကို့ကို ချောလို့မြင်ချင်တာသိပေမယ့် သူကတော့ ဘာဖြစ်လာမလဲကြိုတွေးမိနေသည်။အရင်တခါ သူငယ်ချင်းတွေနဲ့ မုန့်ထိုင်စားတုန်း အစ်ကိုဆွဲခေါ်သွားဖူးသည်။သဝန်တိုလို့ ဒီလိုမြင်ကွင်းတွေထပ်မမြင်စေနဲ့လို့ပြောဖူးတာကိုလည်း သတိရသည်။
"ဟဲ့ ဝင်မယ်လေ ဘာရပ်လုပ်နေပြန်တာလဲ"
"ဪ အေးအေး"
ဆိုင်ထဲဝင်သွားတော့ ဆိုင်အနောက်အမှောင်ဘက်က ထောင့်ဝိုင်းမှာ အစ်ကိုတို့ သူငယ်ချင်းတစ်စုကို တွေ့လိုက်ရသည်။ဂိမ်းဆော့နေတာမို့ သူ့ကိုတော့ မြင်ပုံမပေါ်သေး။
"ဟဲ့ နင့်အစ်ကိုတင်ချောတာမဟုတ်ဘူးနော် နင့်အစ်ကိုသူငယ်ချင်းတွေရော အကုန်ချောတယ် ဟီးဟီး ဟိုကောင်မတွေကို မြန်မြန်လာဖို့ဖုန်းဆက်ရမယ်"
ဂိမ်းကနေ အကြည့်ခဏလွှဲတုန်း ဖိုးချမ်းနဲ့နှင်းပွင့် ဘေးချင်းကပ်ထိုင်နေတာကို မျက်စိရြေှ့မင်လိုက်ရတော့ လက်ရှိသူဘာလုပ်နေလဲဆိုတာ သတိမရနိုင်လောက်အောင် ရင်ထဲထိတ်ခနဲဖြစ်သွားသည်။
"ဟေ့ကောင် အဲ့မှာ ဘာရပ်လုပ်နေတာလဲ သေတော့မှာပဲ"
ဘုန်းပြည့်က ဂိမ်းထဲကအကြောင်းပြောရင်း သူ့ဆီအကြည့်ရောက်လာကာ
YOU ARE READING
Teen Fictionအချစ်.....အမုန်း အချစ်.....အမုန်း ZawGyi+Unicode