အပိုင်း(၄)
2.6K 272 11
ဖိုးချမ်းက သူတို့အရင်နေခဲ့တဲ့ရွာရဲ့စာသင်ကျောင်းမှာ မွေးနေ့အတွက် အလှူလုပ်သည်။လေးလေးပြောတုန်းက သူတို့ရွာက အမြန်လမ်းဘေးမှာပဲလို့ ထင်ခဲ့ပေမယ့် တကယ်တမ်း လာလိုက်တော့ ကားလမ်းတောင် သိပ်မပေါက်ချင်တဲ့ ချောင်ထဲမှာဖြစ်နေသည်။ဖိုးချမ်းမွေးနေ့ကိစ္စစိတ်မဝင်စားပေမယ့် လိုက်လာရတဲ့ အကြောင်းအရင်းက ဒီရွာမှာ ဖိုးချမ်းအတွက် မွေးနေ့လက်ဆောင်အကြီးကြီးပြင်ဆင်ထားတာကြောင့်။
စွမ်းလေးဆီက အကုန်အဆင်ပြေတယ်ဆိုတဲ့ စာရောက်လာတော့ နှုတ်ခမ်းထက်ကျေနပ်သွားတဲ့ အပြုံးတစ်ခုဖြစ်သွားကာ
"ပွဲကြီးပွဲကောင်းမြင်ရတော့မှာပဲ"
စာသင်ကျောင်းရှေ့ရောက်တော့ ကားပေါ်ကဆင်းကာအညောင်းဆန့်ရင်း ဆိုင်းဘုတ်တပ်ထားတဲ့စာသင်ကျောင်းကိုမြင်လိုက်ရတော့ ဘာစကားမှတောင်မပြောနိုင်။
ဘုရားစူး စာသင်ကျောင်း။ ထရံကာ သက်ကယ်မိုးနဲ့ တဲသာသာအဆောင်လေးက စာသင်ကျောင်းတဲ့လား။
"ပါးစပ်အဟောင်းသားနဲ့ ဘာတွေအံ့ဩနေတာလဲ"
လေးလေးက သူ့ဘေးရောက်လာကာ စကားဆိုတော့
"ဒါကို ကျောင်းဆိုလို့ပါ "
သူပြောလိုက်တော့ လေးလေးကရယ်ကာ
"ဒီဘက်ကခေါင်တယ်ကွ လက်လုပ်လက်စားတွေနဲ့ မဖွံ့ဖြိုးတဲ့ရွာဘက်ဆိုတော့ ဒီလိုပဲပေါ့"
အနောက်လှည့်ကြည့်လိုက်တော့ ဖိုးချမ်းနဲ့ အဖေခေါ်လာတဲ့ အလုပ်သမားလေးနှစ်ယောက်က ကားပေါ်က ပစ္စည်းတွေချနေတာတွေ့လိုက်ရသည်။ဝင်ကူဖို့ စိတ်ကူးမရှိတာမို့ သူပြင်ဆင်ထားတဲ့ မွေးနေ့လက်ဆောင် ဘယ်အချိန်ရောက်လာမလဲဆိုတာပဲမျှော်နေလိုက်သည်။
မူလတန်းကျောင်းလေးမို့ ကလေးလေးတွေပဲရှိနေသေးကာ တစ်ခြားသူစိမ်းတွေရောက်လာတာကို သူ့တို့မှာ ထူးဆန်းနေသည်။စာရေးကိရိယာမျိုးစုံရယ် မုန့်တွေရယ် ဝေပေးတော့လည်း ဆူညံနေကာ ပြုံးရယ်ပြီး အပျော်ကြီးပျော်နေကြသေးသည်။
"ကိုကို..."
ခေါ်သံနဲ့အတူ သူ့အင်္ကျီအောက်အနားစကို လာဆွဲတာကြောင့် ငုံ့ကြည့်လိုက်တော့ သနပ်ခါးပါးကွက်ကြား ကြက်တောင်စီးလေးနဲ့ ကလေးမလေး။