အပိုင်း(၂၃)
1.6K 227 11
အရင်လိုပျော်စရာမကောင်းပဲ ပျင်းစရာကောင်းလှတဲ့ကျောင်းတက်ရက်တွေကို ဖြည်းဖြည်းချင်းဖြတ်ကျော်လာခဲ့တာ ဒုတိယနှစ်ရဲ့ ပထမနှစ်ဝက်စာမေးပွဲဖြေဖို့တောင်နီးနေပြီ။စာမေးပွဲပြီးရင် သူတို့မေဂျာက ကျောက်ဆည်ဘက် field ဆင်းဖို့ရှိသည်။သူငယ်ချင်းတွေလည်း အကုန် ကိုယ့်ဒုက္ခနဲ့ကိုယ်ဖြစ်နေကြကာ အရင်လိုကြာကြာတောင်မဆုံဖြစ်ကြ။မှူးဆက်ကလည်း ညဦးယံနဲ့ ပြသာနာတွေတက်ပြီး လမ်းခွဲလိုက်လို့ လတ်လတ်ဆတ်ဆတ်အသည်းကွဲနေတဲ့သူ။သိင်္ဂါကျတော့လည်း ဘာဖြစ်နေမှန်းကိုမသိ အရင်လိုရည်းစားတွေမရှုပ်တော့ပဲ ငြိမ်ကျသွားတာ သိသိသာသာကိုဖြစ်သည်။သူတို့ထဲမှာ ဘုန်းပြည့်ကတော့ အသာယာဆုံးလို့ပြောလို့ရသည်။ယံယံ့သူငယ်ချင်း ရှားရှားနဲ့ ချစ်သူတြွေဖစ်ပြီးကတည်းက လူအမြင်ကတ်ရလောက်အောင် တွဲပြနေသည်။သူကိုယ်တိုင်ကရော.....
အင်း.... တစ်ယောက်ထဲလဲအဆင်ပြေနေပါတယ်။
ဒီနေရာကိုထပ်မလာတော့ဘူးလို့ ဆုံးဖြတ်ထားပေမယ့် အဖေခိုင်းတာကို မလွန်ဆန်နိုင်တော့လဲ ဒီနေရာကိုပဲ ထပ်ရောက်လာရပြန်သည်။ဆိုင်မန်နေဂျာကို အဖေမှာလိုက်တာတြွေပန်ပြောရင်း နောက်ကအိမ်ဆီအကြည့်ရောက်တော့ လက်သီးကို ခပ်တင်းတင်းဆုပ်မိသည်။
"ဟိုတစ်ခါလာအိပ်တုန်းက အိမ်ထဲမှာအနွေးထည်တောင်ကျန်ခဲ့သေးတယ်"
"ဟုတ်လား"
"အဲ့ကတည်းက မတွေ့တာနဲ့ ပြန်မပေးဖြစ်တာ သိမ်းထားတယ် တန်းလျားမှာထင်တယ် သွားယူခိုင်းလိုက်ဦးမယ်"
အနီးနားမှာလဲ ကိုယ့်အလုပ်နဲ့ကိုယ် မအားတဲ့သူတွေကြည့်မို့
"ရတယ် နေပါ ကျွန်တော်ပဲသွားယူလိုက်မယ် လူရှိတယ်မလား"
"ရှိတယ် ရှိတယ်"
လူရှိတယ်ဆိုတာနဲ့ အလုပ်သမားတန်းလျားဘက်ထွက်လာလိုက်တော့ ကုန်းကုန်းကွကွနဲ့ တစ်ယောက်ထဲအလုပ်ရှုပ်နေတဲ့ ဝန်ထမ်းကောင်လေးက သူ့ကိုမြင်တော့ လှမ်းပြုံးပြကာ
"မတွေ့တာတောင်ကြာပြီ ခုမှပဲ ဆိုင်ဘက်ရောက်လာတော့တယ်"
"ဟုတ်တယ် ကျောင်းနဲ့မအားလို့ ဒါနဲ့ အဲ့ဒါဘာတွေလုပ်နေတာလဲ"