အပိုင်း(၃၅)Unicode
4.8K 440 71
တစ်နှစ်ကျော်ကျော်လောက် လှုပ်ရှားမှုမရှိပဲ လှဲနေခဲ့ရတာကြောင့် ခြေထောက်တွေက လမ်းလျှောက်ရတာ သိပ်အဆင်မပြေချင် ယိုင်ထိုးယိုင်ထိုးဖြစ်နေသေးသည်။အဖြစ်အပျက်အကြောင်းစုံ ဖိုးချမ်းရှင်းပြတာ နားထောင်ပြီးချိန်မှာတော့ ဒီလိုတွေဖြစ်ခဲ့ရတာ သူ့အမှားလည်းမကင်းတာကြောင့် ဘယ်သူ့ကိုမှလည်း အပြစ်မတင်ချင်။သူအသက်ရှင်နေပြီးတော့ မျက်လုံးတွေဖွင့်လိုက်တာနဲ့ ဖိုးချမ်းကို မြင်နေရတာပဲ ကျေးဇူးတင်ချင်သည်။
"အစ်ကို"
ပြတင်းပေါက်ကနေ အပြင်ကိုငေးနေရာက ခေါ်သံကြားလို့ နောက်လှည့်ကြည့်လိုက်တော့ အဖြူအစိမ်းဝတ်စုံနဲ့ ဖိုးချမ်း။ကြည့်ရတာ ကျောင်းကနေ သူ့ဆီတန်းလာခဲ့ပုံရသည်။အဖြူအစိမ်းနဲ့ ဖိုးချမ်းက ဘာလို့ အဲ့လောက်တောင် ကြည့်ကောင်းနေရတာလဲ။
"အစ်ကို ဘာဖြစ်လို့လဲ ဘယ်နားနေလို့မကောင်းလို့လဲ"
သူမျက်မှောင်ကြုံ့မိသွားပုံရသည်။ဖိုးချမ်းက သူ့နားချက်ချင်းရောက်လာကာ တဖွဖွမေးတော့သည်။
"မင်းကျောင်းမှာ ဆရာမတွေအများကြီးလား"
"ဗျာ"
ကြောင်တောင်တောင်ပြန်ကြည့်လာတဲ့ ဖိုးချမ်းဆီက အကြည့်လွှဲလိုက်ကာ ကုတင်ရှိရာ ဖြည်းဖြည်းချင်းလျှောက်သွားတော့ သူလဲမှာစိုးလို့ ဖိုးချမ်းက နောက်ကကပ်ရပ်ပါလာသည်။
"ငါ ဆေးရုံဆင်းချင်ပြီ"
"ဟင်....."
"ငါ အကုန်ကောင်းနေပြီ ခေါင်းလဲမကိုက်တော့ဘူး လမ်းလည်းလျှောက်လို့ရနေပြီ တစ်နေ့တစ်နေ့ဒီထဲမှာနေရတာ အရမ်းပျင်းနေပြီ"
အစ်ကို့ကြည့်ရတာ ဒီထဲမှာ နေရတာတကယ်ကို စိတ်ပျက်နေသလိုဖြစ်တာကြောင့် သူခေါင်းညိတ်ပြလိုက်ကာ
"ကျွန်တော် ဒေါက်တာကို အစ်ကိုဆေးရုံဆင်းလို့ရမရသွားမေးကြည့်မယ်နော်"
"အင်း "
ဆေးရုံဆင်းလို့ရလို့ကတော့ ဖိုးချမ်းဘယ်သွားသွားလိုက်ဖို့စဉ်းစားထားသည်။သူ့မမြင်ကွယ်ရာမှာ ဖိုးချမ်း အခုလိုကြည့်ကောင်းနေတာမျိုးကို ဘယ်လိုမှလက်မခံနိုင်။