Zawgyi
" မန်နေဂျင်း .. ဖုန်း ... "
အစည်းအဝေးခန်းမှ ထွက်လာလာချင်း အတွင်းရေးမှူးမလေး ချီယိက ဖုန်းကို သူ့ဆီကမ်းပေးရင်းဆိုတော့ .. လက်ထဲကဖိုင်တွဲကို ချီယိဆီပေးလိုက်ပြီး ဖုန်းကိုင်ရသည် .. ၊၊
" ဟယ်လို .. "
" ဦးလေးဝမ်ပါ .. လူလေး အစည်းအဝေးပြီးပြီလား .. "
" ဟုတ်ကဲ့ ဦးလေး .. အိမ်မှာ ဖွားဖွားသောင်းကျန်းပြီထင်တယ် ... "
" အေးကွယ် .. လူလေး မရှိလို့တဲ့ .. ထမင်းလဲမစားဘူး .. ဘာမှလဲကျွေးမရဘူး .. တစ်အိမ်လုံးကို လိုက်ပြီးသောင်းကျန်းနေတာ .. "
" ခုရော .. အိပ်နေလား .. "
" နေ့လည်က ဒေါက်တာလာပြီး ဆေးသွင်းပေးသွားလို့ .. ခုတော့ အိပ်မောကျနေလေရဲ့ .. "
" ဒေါက်တာလာပြီးဆေးသွင်းပေးတယ် .. ဟုတ်လား .. ဖွား ဘာဖြစ်လို့လဲ .. နေမကောင်းဘူးလား .. "
" အစာမစားတာကြာလို့ အားပြတ်တဲ့သဘောပါကွယ် ..
လူလေး အစည်းအဝေးအတွက် ခရီးထွက်သွားကတည်းက သူ့မြေးကို ပြန်ခေါ်ပေးဆိုပြီး ဘာမှမစားပဲ သောင်းကျန်းနေတာမဟုတ်လား ... ''" ဖွား ကတော့လေ .. ကျွန်တော်ခုပဲ အစည်းအဝေးပြီးတယ် ဦးလေးဝမ် .. ခုပဲပြန်လာခဲ့မယ် .. "
" ညနေပဲစောင်းနေပြီ လူလေးရယ် .. မနက်မှလာပါတော့လား ... နောက်ပြီး ရာသီဥတုကလဲ ကောင်းတာမဟုတ်ဘူး .. "
" ဒီမှာတော့ မိုးဖွဲဖွဲပဲကျနေတာပါ ...
ကျွန်တော် ခုပဲပြန်ခဲ့တော့မယ် .. ဖွားကိုလဲ ကျွန်တော်ပြန်လာနေပြီလို့ ပြောထားပေး ... "" အေးပါကွယ် .. လမ်းခရီးမှာလဲဂရုစိုက်ဦး .. "
" ကျွန်တော်ပြန်မရောက်ခင်အထိတော့ ဖွားကို ဂရုစိုက်ပေးဖို့ ဦးလေးဝမ်ကိုပဲ
အကူအညီဆက်တောင်းရဦးမှာပဲ ... "" စိတ်ချပါ .. ဖွားအတွက် ဘာမှမပူနဲ့ ... "
" အင်း စိတ်ချမယ် .. ဒါဆို ... "
ဖုန်းချပြီးတာနဲ့ လေပူတစ်ချက်သာ မှုတ်ထုတ်မိသည် ... ၊၊
" မန်နေဂျင်း တကယ်ပဲ ခုပြန်မှာလား .. ရာသီဥတုမကောင်းဘူး .. မုန်တိုင်းအဖျားခတ်မယ်လို့ ကြေညာထားတယ် .. အခုကိုပဲ မိုးတွေသည်းနေပြီ "
![](https://img.wattpad.com/cover/215043846-288-k552483.jpg)
YOU ARE READING
ᴛʜᴀᴛ ʙᴏʏ 「ᴄᴏᴍᴘʟᴇᴛᴇᴅ」
Fanfictionဉာဏ်များလွန်းတဲ့ ယုန်ညိုအိမ်ပြေးလေးရယ် .. အမြဲနားလည်လက်ခံပေးနိုင်တဲ့ ယုန်ပိုင်ရှင်ကောင်လေးရယ် .. ကိုးကွယ်မိတဲ့ ချစ်ခြင်းတရားမှာ အတ္တပါးပါးလေးတွေလဲ ပါဝင်တယ် .. ဆာကူရာဆောတွေရဲ့ အဓိပ္ပါယ်က ထာဝရတည်တံ့မယ့် ချစ်ခြင်းတရားပါတဲ့...