Ep - 27 : အကျိုးတရားတိုင်းအတွက်​ အ​ကြောင်းပြချက်​​တွေ .. 「Z/U」

4.7K 499 36
                                    

Zawgyi

ဟိုး​ကောင်းကင်​ထက်​က တစ်​ခြမ်းပဲ့လ​ကွေး​ကွေး​လေးရယ်​ .. ၊၊

မှိတ်​တုတ်​မှိတ်​တုတ်​ ကြယ်​​ရောင်​ပျပျရယ်​ .. ၊၊

ပြီး​တော့ .. လမ်းမီး​ရောင်​စုံ​အောက်​မှာ ညကို ​နေ့အလား ပျားပန်းခတ်​လှုပ်​ရှား​နေကြတဲ့ လူ​ပေါင်းများစွာရယ်​ .. ၊၊

ညဟာ တကယ်​ကြီး သက်​၀င်​လှုပ်​ရှား​နေလို့ ..

ပြတင်း​ဘောင်​​ပေါ် လက်​တင်ပြီး ​လေးတွဲ့စွာ ​မှီနွဲ့ထားတဲ့ ထိုလူငယ်​လေးက .. ၀န်းကျင်အ​ခြေအ​နေကို အသက်​မပါသလို ​ငေးကြည့်​ရင်း ယဲ့ယဲ့ပြုံးတယ်​ .. ၊၊


" အ​အေးမိမယ်​ .. တံခါးပိတ်​​တော့ .. "

" ... "


ပူ​နွေး​နွေး​ကော်​ဖီတစ်​ခွက်​ ကမ်း​ပေးလာတဲ့ ယွီ​လေးကို .. လည်​ပင်းထက်​က မာဖလာ​လေး မျက်​လုံး​စွေပြလိုက်​​​တယ်​ .. ၊၊

အ​ရောင်​အဆင်း မပီပြင်​​တော့တဲ့တိုင်​ .. ​မောင့်အငွေ့အသက်​​တွေ စွန်းထင်း​နေဆဲ ဒီမာဖလာ​လေးက သူ့တစ်​​ယောက်​စာ​တော့ လုံ​လောက်​စွာ ​နွေးထွေးမှု​ပေးနိုင်​ပါရဲ့ .. ၊၊


" ​ဒေါက်​တာက ကျန်းမာ​ရေးဂရုစိုက်​ဖို့ ​ပြောထားတယ်​မလား .. "

" အင်း .. ငါသိတယ်​ .. "

" သိမိုက်​ မိုက်​မ​နေနဲ့ ..
ငါပြန်​မယ်​ .. ​စော​စောအိပ်​ .. "

" .. ယွီ​လေး "

" ... "


လောင်းကုတ်​ကို လက်​​မောင်းထက်​​ကောက်​တင်​လို့ ပြန်တော့ဖို့ပြင်​​နေတဲ့ယွီ​လေးက သူ့​ခေါ်သံမှာ ​မေးဆက်ပြတယ် .. ၊၊


" မင်းတီးပြတဲ့ စန္ဒရားသံ နား​ထောင်​ချင်​တယ်​ .. "

" ... "


မျက်​လုံးလှန်​ပြလာတဲ့တိုင်​ .. လက်​​တွေ့မှာ​တော့ ယွီလေးက အခန်းကျယ်ထဲက ​​စန္ဒရားအိုကြီး​ရှေ့ ၀င်ထိုင်ပြီး နှင့်​နေပြီ .. ၊၊

ᴛʜᴀᴛ ʙᴏʏ 「ᴄᴏᴍᴘʟᴇᴛᴇᴅ」Where stories live. Discover now