Ep - 8 First tie「Z/U」

6.7K 651 7
                                    

Zawgyi


လသာဆောင်မှာ တစ်ယောက်တည်းထိုင်ပြီး လမင်းကြီးကို အဓိပ္ပာယ်မဲ့စွာငေးကြည့်ရင်း စိတ်တွေလေးလံနေမိခဲ့ .. ၊၊

တစ်နေ့လုံး Baidu ထဲ ခေါင်းစိုက်ထားတာတောင် သူသဘောကျလောက်မယ့် ရိုမန့်တစ်ပရိုပို့စ်ကို ရှာမတွေ့ခဲ့ဘူး .. ၊၊ ကိုယ့်ကိုယ်ကို ဇီဇာကြောင်တတ်မှန်းသိပေမယ့် ဒီလောက်ကြီးထိ အများတကာနဲ့ အကြိုက်ချင်းတွေ လုံးဝကွဲထွက်နေမယ်လို့ မထင်မိတာတော့ အမှန်ပဲ ၊၊

ဒါဆို သူ့ကိုလက်ထပ်ဖို့ ဘယ်လိုများ ဖွင့်ပြောရပါ့မလဲ .. ဖွင့်ပြောပြီးမှ အငြင်းခံရရင် သိပ်ကိုရှက်မိမှာ .. ၊၊
အခွင့်အရေးသမားလို့ထင်သွားပြီး အိမ်က ချက်ချင်းထွက်သွားရင်ရော .. ၊၊

အတွေးတွေ ချာချာလည်နေပြီး ညလဲနက်သထက် နက်လာခဲ့ပြီ .. ၊၊ လေအေးတွေတိုက်နေပေမယ့် သူ့ခေါင်းတွေတော့ ပူနေတုန်းပဲ .. ၊၊

romantic propose ..
romantic propose ..
romantic propose ..

ဒီစကားနှစ်လုံးထဲက သိပ်လဲရှုပ်ထွေးနိုင်တာပဲ .. ၊၊
သူ propose လုပ်မယ့်သူက သူ့လို ယောက်ျားလေးတစ်ယောက်ဖြစ်နေတာကြောင့်လဲ ပါမယ်ပေါ့ .. ၊၊

" ရိပေါ် .. "

ညအတော်နက်သည်အထိ အိမ်ထဲမဝင်ဘဲ လသာဆောင်မှာ ငေးမှိုင်နေတဲ့ သူ့ဆီ .. Rain က ခပ်ဖြည်းဖြည်းလျှောက်လာရင်း အသံပြုတယ် .. ၊၊

" အင်း Rain .. ဘာရှိလဲ .. "

" လသာဆောင်မှာနေတာ တော်တော်ကြာနေပြီမို့ .. လေစိမ်းတွေဒီလောက်တိုက်နေတာ အအေးမိနေဦးမယ် .. "

" အာ ..စိတ်​မပူပါနဲ့ .. ဒါထက် ဖွားအိပ်သွားပြီလား "

" အိပ်သွားပြီ .. ခုပဲ .. "

" အချိန်ရလား .. ကျွန်တော် ကိစ္စလေးတစ်ခု တိုင်ပင်ချင်လို့ .. "

ရိပေါ် .. လက်ချောင်းလေးတွေ စားပွဲပေါ် တတောက်တောက်ခေါက်ရင်းဆိုတော့ ..
Rain က လွတ်နေတဲ့ သူ့ရှေ့ကထိုင်ခုံမှာ ဝင်ထိုင်သည် .. ၊၊

" ပြောကြည့်လေ ရိပေါ် .. ဘာမှတော့ အကြံမပေးတတ်ပေမယ့် သေချာတော့ နားထောင်ပေးနိုင်သား .. အဟင်း .. "

ᴛʜᴀᴛ ʙᴏʏ 「ᴄᴏᴍᴘʟᴇᴛᴇᴅ」Where stories live. Discover now