Ep - 4 လုပ်ကြံသူ [ လုပျကွံသူ ]「Z/U」

7.9K 712 7
                                    

Zawgyi


" ခြောက်နှစ် .. ခြောက်နှစ်တောင် အဆက်အသွယ် ပြတ်ပြီးခဲ့ပြီလေ .. ဒါကိုတောင် ရှောင်းကျန့်အပေါ်ထားတဲ့ ယွီပင်းကောရဲ့ သဘောထားက မပြောင်းလဲသေးဘူးတဲ့လား .. အဲ့ဒီ့ရှောင်းကျနက ဘာတွေများ ငါ့ထက်သာနေလို့ ..
မုန်းစရာကောင်းလိုက်တာ .. အရမ်းမုန်းတယ် .. ကျုပ် ခင်ဗျားကိုအရမ်းမုန်းတယ် .. "

အခန်းထဲမှာ တစ်ယောက်ထဲ စိတ်တိုင်းကျအော်ဟစ်လို့ ပေါက်ကွဲပစ်လိုက်သည် ၊၊ ဒေါသပြေသလောက်ရှိတော့ ကြမ်းပြင်ပေါ်မှာ ပစ်ပေါက်ထားတဲ့ပစ္စည်းတွေ ပြန့်ကြဲနေပေပြီ .. ၊၊

" ဒေါက် .. ဒေါက် .."

ဇန်းကျင် .. အင်္ကျီကို သပ်သပ်ရပ်ရပ်ပုံစံကျအောင် ဆွဲချပြင်ဆင်လိုက်သည် .. ၊၊

ပြီးမှ တံခါးဖွင့်လိုက်တော့ ...

" အားကျင် .. အဆင်ပြေရဲ့လား .. မျက်နှာတစ်ခုလုံးလဲ နီရဲလို့ .. "

ခေါင်းခါပြလိုက်ရင်း ဟွန့်ခနဲ နှာမှုတ်လိုက်သည် .. ၊၊

" ဘာများဖြစ်လို့လဲကွယ် .. မထိတ်သာမလန့်သာ ရှိလိုက်တာ .. "

" မုန်းတယ်မား .. အရမ်းမုန်းတယ် ..
ရှောင်းကျန့်ဆိုတဲ့ အဲ့ဒီ့လူ့ပန်းအိုးကောင်ကို မုန်းတယ် .. သူပြန်လာတာ ကျွန်တော့်အတွက် ဂြိုဟ်ဆိုးပဲ .. "

စူးဒေါ်လေး .. ဇန်းကျင်ကို နှစ်သိမ့်သလိုကြည့်ရင်း ..

" အားကျင်မှ မဟုတ်ပါဘူးကွယ် .. ဒီအိမ်ကြီးမှာ သူ့ကိုကြိုဆိုမဲ့သူ ဘယ်သူမှမရှိပါဘူး .. သူ့အတွက်နဲ့
မားရဲ့အားကျင်လေး ဝမ်းနည်းစရာ ငိုနေစရာ မလိုတော့ဘူး .. ဟုတ်လား .. "

" သူက ကျွန်တော့်ဆီက ယွီပင်းကောကို ဆွဲထုတ်သွားတော့မှာ .. မား .. ကြံပါဦး ..
ယွီပင်းကောကို အဆုံးရှုံးမခံနိုင်ဘူးလို့ ... "

" အားကျင်က စိတ်ပူစရာမဟုတ်တာကို တွေးပူနေတာပဲ .. ဘာမှပူမနေနဲ့တော့ဆို .. "

" ပူရမယ် မားရဲ့ .. မားမှမသိဘဲ ..
ယွီပင်းကော ခုဏကတင် ကျွန်တော့်ဆီ ဖုန်းဆက်တယ် .. အော်လိုက်ငေါက်လိုက်တာလဲ အရမ်းပဲ .. ပန်းအိုးကောင်နဲ့သာဆိုရင် အမြဲတမ်း အနိုင်ကျင့်ခံ အအော်ခံနေရတာကိုတောင် အပြုံးမပျက်တဲ့သူက .. ကျွန်တော့်ကိုတော့ .. "

ᴛʜᴀᴛ ʙᴏʏ 「ᴄᴏᴍᴘʟᴇᴛᴇᴅ」حيث تعيش القصص. اكتشف الآن