Ep - 11 ဟန်ဆောင်မျက်နှာဖုံး [ ဟန်ဆောင်မျက်နှာဖုံး ]「Z/U」

6K 569 6
                                    

Zawgyi

" အနှောင့်အယှက်ပေးနေတာ တော်လောက်ပြီ ဇန်းကျင် .. "

ရှေ့တူရှုဆီက ထမင်းဘူးလေးနဲ့အတူ .. ရပ်နေတဲ့ ဇန်းကျင်ကိုပါ လျစ်​လျူရှုရင်းဆိုတော့ .. ဇန်းကျင်က ပြာပြာသလဲ ဖြေရှင်းချက်ပေးသည် .. ၊၊

" နှောင့်ယှက်တာမဟုတ်ပါဘူး .. ကျွန်တော်က ကောအတွက်နေ့လည်စာ ပြင်ပေးချင်ရုံတင် .. ကုမ္ပဏီကန်တင်းမှာပဲ အမြဲစားနေတော့ ကြာရင် အစာအိမ်အတွက် မကောင်းဘူးမဟုတ်လား .. အဲ့ဒါကြောင့် ... "

" ဘာမှ ပတ်သက်စရာမလိုတဲ့သူတွေပဲ .. ဘာမှပူပေးနေစရာမလိုဘူး .. "

" ... "

" ပြန်တော့ .. "

" ကျွန်တော်က ဘာဖြစ်နေလို့လဲ .. ကျွန်တော့်မှာ ဘာချို့ယွင်းချက်များ ရှိနေလို့လဲ .. ရှောင်းကျန့်ကြောင့်လား .. ထပ်ပြီး ရှောင်းကျန့်ကြောင့်ပဲလား .. "

ဇန်းကျင် .. ပြောရင်း ဒေါသထွက်လာတာကြောင့် အသံကျယ်သွားမိရဲ့ .. ၊၊
ရလဒ်အဖြစ် ယွီပင်းရဲ့ အထင်သေးဟန် အကြည့်တွေသာ ဖောဖောသီသီရရှိတော့ ရင်ဘတ်တခြမ်းက မခံမရပ်နိုင်အောင်နာတယ် .. ၊၊

" မင်းဘယ်လိုလူလဲ စူးဇန်းကျင် ..
မင်းမရှက်တတ်ပေမယ့် ငါရှက်တယ် .. အဲ့ဒါကြောင့် အော်ကြီးဟစ်ကျယ်လုပ်ချင်ရင်လဲ ငါ့ကုမ္ပဏီမှာတော့ လာမလုပ်နဲ့ .. အခုထွက်သွား .. တောက် .. "

"" ဒုန်း .. ""

ဒေါသတကြီးနဲ့ သူ့ကို ရုံးခန်းထဲက အတင်းတွန်းထုတ်လို့ .. ခပ်ကြမ်းကြမ်း တံခါးဆောင့်ပိတ်လိုက်တဲ့ ယွီပင်းက ..
သူ့ကို မလိုလားဟန်တွေအပြည့် .. ၊၊

ကုမ္ပဏီဝန်ထမ်းတချို့က လှည့်ကြည့်လှည့်ကြည့်နဲ့ အနားက ဖြတ်သွားတာတော့ .. ဝမ်းနည်းစိတ်နဲ့အတူ မျက်နှာပူရတယ် .. ၊၊

ရှက်စိတ်ကြောင့်ဝဲတက်လာတဲ့ မျက်ရည်တွေကို မျက်တောင်ခတ်သိမ်းလိုက်ရင်း .. ယွီပင်းအတွက် ပြင်ဆင်လာတဲ့ ထမင်းဘူးလေးကို ပြန်ယူပြီး ကုမ္ပဏီထဲက ပြေးထွက်ခဲ့တော့ရဲ့ .. ၊၊

မွန်းကြပ်နေတဲ့ စိတ်တွေဟာ ထွက်ပေါက်မဲ့လို့ .. ၊၊
သိမ်ငယ်စိတ်ဟာ ဒေါသအဖြစ် ကူးပြောင်းတယ် .. ၊၊

ᴛʜᴀᴛ ʙᴏʏ 「ᴄᴏᴍᴘʟᴇᴛᴇᴅ」Where stories live. Discover now