Ep - 9 စစ်မှန်တဲ့ ချစ်ခြင်းတရားကလွဲ [ စစ်မှန်တဲ့ ချစ်ခြင်းတရားကလွဲ ]「Z/U」

6.4K 640 7
                                    

Zawgyi



" ရိပေါ် ပြန်လာပြီလား .. "

Rain က သူ့ကိုထွက်ကြိုလိုက်ရင်း .. သူ့နောက်ဆီ ကဲကြည့်သည် .. ၊၊

" ကုမ္ပဏီအဖွဲ့သားတွေရော ပါလာမှာဆို ... "

Rain ခေါင်းလေးကို ချစ်စနိုးနဲ့ အသာလေးပုတ်လိုက်ပြီး ..

" သူတို့က ကုမ္ပဏီကကားနဲ့ အဖွဲ့လိုက်လာကြမှာ .. နည်းနည်းနောက်ကျမှ ရောက်လာလိမ့်မယ် .. "

" အော် .. ဒါဆို ရေချိုးတော့မလား .. "

" နောက်မှ .. ခုတော့ Rain ပြင်ဆင်ထားတဲ့ ဒင်နာကို ကြည့်ဦးမယ် .. ဘယ်လိုများ ထူးထူးခြားခြား ပြင်ထားမလဲလို့ .. "

" မင်းကုမ္ပဏီအဖွဲ့သားတွေရှေ့မှာ မျက်နှာပျက်ရမှာ စိုးနေလို့လား ... "

" no .. ခင်ဗျားကို အကြွင်းမဲ့ယုံကြည်ပြီးသား .. "

ပိုပိုသာသာလေး ကြင်နာပြရင်း .. ဒင်နာအတွက် Rain ပြင်ဆင်ထားတဲ့ အစားအသောက်တွေကို တရားလွန် ချီးမွမ်းခန်းဖွင့်လိုက်သည် .. ၊၊

ပြည်ပကုမ္ပဏီနဲ့  ရင်းနှီးမြှုပ်နှံမှုစာချုပ် အောင်မြင်တဲ့ အထိမ်းအမှတ်ကို အကြောင်းပြလို့ .. Rain ကို လူသိရှင်ကြား ပွဲထုတ်ဖို့ ကြံရသည် .. ၊၊ ကုမ္ပဏီအဖွဲ့သားတွေကို အိမ်မှာ ညစာစားပွဲလေး စီစဉ်ပေးရင်း Rain ကိုလဲ ရုန်းမရတဲ့ကြိုးတွေနဲ့ ထပ်တိုးချည်နှောင်ဖို့ ကြိုးစားရင်းပေါ့ .. ၊၊

" ဧည့်သည်တွေ အများကြီးပဲလာတယ်ဟေ့ .. ပျော်လိုက်တာ .. ကစားစရာအဖော်ရပြီ .. မြေးချစ်ရေ .. ထွက်ကြည့်ပါဦး .. "

အိမ်ရှေ့မှ ဖွားဖွားရဲ့အော်ခေါ်သံကြောင့် .. Rain နဖူးထက် အနမ်းတစ်ပွင့် ခပ်သော့သော့ခြွေချပြီး ...

" ဝန်ထမ်းတွေ လာကုန်ကြပြီ .. ကျွန်တော်သွားခေါ်လိုက်ဦးမယ် .. "

" ... "

ရိပေါ်က ဟန်ဆောင်ခြင်းမှာ အသားကျနေခဲ့တဲ့တိုင် သူ့ရှေ့က ယုန်အိုလေးကတော့ ခေါင်းကြီးငုံ့လို့ အရှက်သည်းနေဆဲ .. ၊၊

တဘောကျစွာပဲ ပြုံးရယ်လို့ အိမ်ရှေ့ခန်းဆီ ခြေလှမ်းတွေ ဦးတည်လိုက်တယ် .. ၊၊

ᴛʜᴀᴛ ʙᴏʏ 「ᴄᴏᴍᴘʟᴇᴛᴇᴅ」Where stories live. Discover now