Ep - 30 : ဗီလိန်​မဟုတ်​တဲ့ ဗီလိန်​​တွေ

4.8K 534 58
                                    

Zawgyi

ကိုယ့်​ကိုယ်​ကို လူ​ရောစိတ်​ပါ ပြင်​ဆင်​ပြီး ​အောက်​ထပ်​ဆီ ဆင်းလာ​တော့ .. ဧည့်​ခန်းမှာ အခန့်​သား ထိုင်စောင့်နေပြီဖြစ်​တဲ့ ​ကောနဲ့ မျက်​လုံးချင်းဆုံရဲ့ .. ၊၊


" ​ကော .. ​မောင့်​ဆီပြန်​လာတယ်​ .. "

" ... "


ပကတိတည်​ငြိမ်​​အေးစက်​​နေဆဲ မျက်​၀န်းညို​တွေကတဆင့်​ သူ့စကား မှားသွားပြီမှန်းသိရတယ်​ .. ၊၊

ဘာတစ်​ခွန်းမှ ပြန်​​ဖြေမလာတဲ့​ကောက မျက်​ခုံးတစ်​ချက်​ပင့်​ပြလို့ သူနဲ့ မျက်​နှာချင်းဆိုင်​မှာ ၀င်​ထိုင်​​စေတယ်​ .. ၊၊

အခုမှ သတိထားမိတယ်​ .. ၊၊

ကောက သူ့ဆီကို တစ်​​ယောက်​ထဲလာတာ မဟုတ်​ဘူးပဲ .. ၊၊ ​ကော​ဘေးမှာ ယွီ​လေးဆိုသူနဲ့ ​နောက်တစ်ယောက်​က သူလဲသိတဲ့ ​ရှေ့​နေကျိုးပါ ပါလာတာ .. ၊၊ ဖွားက​တော့ ​ယွီ​လေးနဲ့​ကောကြား အတင်းတိုးဝင်​လို့ ​ကောအနားသာ အ​သေကပ်​​နေ​တော့တာပါပဲ ... ၊၊

ဘယ်​ကစလို့် ​ဘယ်​သူကဘယ်​လို စကားစရမှန်းမသိ ဖြစ်နေတဲ့အ​ခြေအ​နေမှာ .. ဦး​လေးဝမ်​က ဧည့်​သည်​​တွေအတွက်​ သစ်​သီး​ဖျော်​ရည်​ လာချ​ပေးတယ်​ .. ၊၊

နောက်​​တော့ ​ရှေ့​နေကျိုးကပဲ ​တောင်းပန်​ရင်းနဲ့ စကားစပါတယ်​ .. ၊၊


" ဒီလိုဖြစ်​သွားရတာ ကျွန်​တော့်​အမှားလဲ မကင်းပါဘူး .. တကယ်​ဆို ကျွန်ေ​တာ်​က ပိုဂရုစိုက်​ပြီး ​ခေါ်လာခဲ့​ပေးရမှာကို .. မန်​​နေးဂျင်းဝမ်​ကို တကယ်​ပဲ မျက်နှာမပြ၀ံ့ပါဘူး .. အခု​တော့ အားနာစရာ​တွေ ဖြစ်ရပြီ .. "

" မဟုတ်​တာပဲ ..
အ​ခြေအ​နေကိုက ဒီလိုဖန်​တီးလာမှ​တော့ ဘာတက်​နိုင်​ဦးမှာလဲ .. ​ရှေ့​နေကျိုးအပြစ်​ မဟုတ်​ပါဘူး .. "

" ... "


သူ့ကို ရည်​ရွယ်​ပြီး ​ပြော​နေမှန်းသိ​ပေမယ့်​ ​ကောနဲ့​ရှေ့နေကျိုးတို့ ဘာကိုဆိုလိုချင်​မှန်း အခုထိ စဉ်းစားလို့မရ .. ၊၊

ᴛʜᴀᴛ ʙᴏʏ 「ᴄᴏᴍᴘʟᴇᴛᴇᴅ」Where stories live. Discover now