5.4K 507 18
Zawgyi
" ခွမ်းး .. "
ဇန်းကျင်​​က လက်ကို စွပ်ပြုတ်ပန်းကန်ထဲဇွတ်နှစ် .. Rain ကလဲ ပူတော့အတင်းရုန်းနဲ့ .. ကြာ​တော့ ရုန်းရင်းဆန်ခတ်တွေဖြစ်ပြီး စွပ်ပြုတ်ပန်းကန်လုံး​လေးက ကြားထဲက ကျကွဲသွားတော့သည် .. ၊၊
ကြွေထည်​အကွဲစများက ကြမ်းပြင်ပေါ်မှာ ဟိုတစ်စဒီတစ်စ ပြန့်ကြဲသွားပြီး .. စွပ်ပြုတ်ရည်ပူပူတွေက​တော့ Rain ရဲ့ ​ခြေဖမိုး ဖြူဖြူလေးထက်​ အညှာအတာကင်းစွာ ဖိတ်စင်ကျသည် ၊၊
" ကောက်သိမ်းလိုက် .. "
" ဟင် ! "
" ပန်းကန်ကွဲစတွေကို ကောက်သိမ်းလိုက်လို့ပြောနေတာ နားမလည်ဘူးလား .. ဒါမှမဟုတ်​ ကန်းနေတာလား .. "
Rain .. အပူလောင်ပြီးနီရဲနေတဲ့ လက်ကလေးကို ကျန်​လက်​တစ်​ဖက်​နဲ့ အသာဆုပ်ရင်း .. ဇန်းကျင်​​ကို အံဩကြီးစွာသာ ​ငေးကြည့်မိ​တော့သည် .. ၊၊
" ဘာဖြစ်လို့လဲ .. ကျွန်​​တော်တို့ကြားမှာ အခုလို လုပ်ရတဲ့အထိ ဘာအ​ကြောင်းအရင်းများရှိ​နေလို့ .. "
" ကျွန်​​တော်​က ၀မ်​ရိ​​ပေါ်နဲ့ ​စေ့စပ်မယ့်သူဆိုတာ ​ခင်ဗျားမေ့နေတာလား .. စာချုပ်​အ​ကြောင်း ဘာမှမသိပါဘူးလို့​တော့ မငြင်းနဲ့​နော်​ .. "
" အဲ့ဒီစာချုပ်က .. နှစ်လပြည့်လို့ ​​မောင့်​ဘက်က စေ့စပ်ပွဲကိုလက်မခံရင် ဖျက်သိမ်းလို့ရတယ် .. "
ဇန်းကျင်​က မျက်​နှာကို ခပ်​ချီချီ​လေး​မော့ထားပြီးဆို​တော့ Rain က ချက်​ချင်းငြင်းချက်​ထုတ်​သည်​ .. ၊၊
စေ့စပ်​ပွဲနဲ့ပတ်​သက်​တဲ့ စာချုပ်​စာတမ်းကိစ္စ အသေးစိတ်ကအစ ရိ​ပေါ်က သူ့ကို ရှင်းပြထားခဲ့သည်ပဲ .. ၊၊
" ဟုတ်လား .. ကျွန်​တော့်​​ဘက်က စေ့စပ်ပွဲကို ဖျက်သိမ်းဖို့ သဘောမတူရင် ၀မ်​ရိ​ပေါ်လဲ ဘာမှတတ်နိုင်မှာမဟုတ်​တဲ့အ​ကြောင်းကို​ရော သိမထားဘူးလား ..
ဒီမှာ ​ရှောင်းကျန့်​ .. ၀မ်ရိ​​ပေါ်နဲ့ စေ့စပ်မယ် မစေ့စပ်ဘူးဆိုတာ ကျွန်​​တော့်​လက်ထဲမှာပဲရှိတယ်​ .. အဲ့ဒီ့တော့ သိပ်ပြီးအပျော်​လွန်​မ​နေနဲ့ .. ​စောက်လုံးတွေနောက်​တယ်​ .. "
ᴛʜᴀᴛ ʙᴏʏ 「ᴄᴏᴍᴘʟᴇᴛᴇᴅ」Dove le storie prendono vita. Scoprilo ora