Ep - 29 : မတူညီတဲ့အတ္တ​တွေရဲ့ လွဲမှားတဲ့အဆုံးသတ်

4.6K 506 28
                                    

Zawgyi

ဒီ​နေ့မနက်​အတွက်​ ​ပေကျင်းခရီးစဉ် ​လေယာဉ်​​လက်​မှတ်​ နှစ်​​စောင်​ဟာ ဆုပ်​​ခြေမွခံရပြီး .. အခန်း​ထောင့် ​အမှိုက်တောင်းငယ်​ထဲ အလဟဿ ဖြစ်​သွားခဲ့တယ်​ .. ၊၊

အကွက်​အဆင်း​မပီပြင်​​​တော့တဲ့ အညိုရင့်​​ရောင်​ မာဖလာလေးကို လက်ေ​ကာက်ဝတ်ထက် ​​​ခပ်​ဖွဖွ ရစ်သိုင်း​နေရင်း ​ရှောင်းကျန့်​ကဆိုတယ် .. ၊၊


" ယွီ​လေးက​တော့ လုပ်​ပြီ .. "


ရှိုက်​ထုတ်​လိုက်​တဲ့ သက်​ပြင်းဖွဖွမှာ ​မောင့်​အတွက်​ လွမ်းဆွတ်​ခြင်း​တွေ ပါဝင်​တယ်​ .. ၊၊

မရည်​ရွယ်​တဲ့တိုင်​ ထပ်​ခါထပ်​ခါ နာကျင်​​စေမိလို့ ​မောင့်အပေါ် အပြစ်​မကင်းသလိုလဲ ခံစားရရဲ့ .. ၊၊


ဘယ်​လိုလုပ်​ကြမလဲ ​မောင်​ .. ၊၊

ကောက သိပ်​လဲဆိုးမိုက်​လို့ .. ကိုယ့်​​ကြောင့်​ ဆူဆိုက်လုပ်​သွားရ​အောင်​အထိ ဇန်းကျင်ကို ဖိအားတွေပေးခဲ့မိတယ်​ .. ၊၊


မောင့်​ရဲ့​ကောက ​မောင်​ထင်​မှတ်​ထားသလို ယုန်ဖြူလေးမဟုတ်​မှန်း သိသွားတဲ့တစ်​​နေ့ ..
သိပ်​လဲ ရွံရှာမှာပဲ​နော်​ .. ၊၊

ကောနဲ့လဲ မျက်​နှာချင်းဆိုင်​ဖို့ခဲခက်​လို့ .. လွှတ်ချလိုက်ဖို့လဲ မ၀ံ့မရဲနဲ့ အဲ့ဒီ့အချိန်​ ​မောင့်​မှာ ​ရွေးချယ်စရာ​တွေလဲ မဲ့ဦးမှာ​ပေါ့ .. ၊၊

လူတစ်​​ယောက်မှာ သူချမပြချင်​တဲ့ အ​မှောင်​ဘက်​ခြမ်း​တွေ အနည်းနဲ့အများ​တော့ ရှိတတ်​ကြတာပဲမို့ ..
ကောရဲ့ တစ်​ဖက်​ခြမ်း​ကိုလဲ ​မောင့်​ဘက်​က လက်​ခံလို့ ​ကောတို့အတူတူ နောက်​တစ်​ကြိမ်​ ​ပျော်​ရွှင်​နိုင်ြ​ကဦးမယ်​လို့ ​ထင်​​နေခဲ့မိတာ .. ၊၊

ထင်​မြင်​ချက်​​တွေတိုင်းက သိပ်​လဲ လွဲမှားတာပဲ .. ၊၊

သွယ်​၀ိုက်​​သောအားဖြင့်​ လူသတ်​သမားကြီး​ကောဆိုတဲ့ အ​မှောင်​ဘက်​ခြမ်းကို​တော့ ​မောင်​က ဘယ်​နည်းနဲ့ လက်ခံ​ပေးနိုင်​ပါ့မလဲ .. ဟုတ်​တယ်​​မလား .. ၊၊

ᴛʜᴀᴛ ʙᴏʏ 「ᴄᴏᴍᴘʟᴇᴛᴇᴅ」Where stories live. Discover now