Ep - 28 : ​မျှော်​လင့်​ခြင်း​တွေရဲ့အလွန်​ ..

4.8K 525 32
                                    

Zawgyi



“ မန်​​နေးဂျင်း .. ”

“ ... ”


ကုမ္ပဏီကို သန့်ရှင်းေ​​​​ရးဝန်ထမ်း​တွေထက်​တောင် ​​​​စောပြီး​လာလေ့ရှိတဲ့ တာဝန်ခံ​လုလုက .. သူ့ထက်​အရင်​​ရောက်​​နေတဲ့ မန်​​နေးဂျင်းကိုမြင်​ပြီး အံသြသလိုဆိုတယ်​ .. ၊၊

ရိ​ပေါ်က​တော့ စားပွဲ​ပေါ်လက်​​ထောက်​ .. လက်​​ပေါ် ​မေးထောက်​ပြီး ​တွေ​တွေကြီးရှိ​နေဆဲ ..  ၊၊


“ မန်​​နေးဂျင်းက အ​စောကြီး​ရောက်​​နေတာကိုး ..
ကျွန်​မက မန်​​နေးဂျင်းမ​ရောက်​ခင်​ မ​နေ့ည​နေက ကျန်ခဲ့တဲ့စာရင်း​တွေ ကြိုလာတင်​မလို့ကို .. ”

“ ... ”

“ မန်​​နေးဂျင်း .. မျက်လုံးဖွင့်ပြီး ​​အိပ်​​ပျော်​​နေတာလား ”


ပြောချင်​ရာ​တွေစွတ်​​ပြော​နေတဲ့ အပျိုကြီးလုလုကို ရိပေါ်က ထူးဆန်းသလို တစ်​ချက်​​မော့ကြည့်​ရင်း ဆိုလာတယ်​ .. ၊၊


“ ရွှယ်​လု .. အခုထိ အိမ်​မပြန်​ရ​သေးဘူးလား .. ”

“ အာ .. ”

“ အရမ်း​​နောက်​ကျမ​နေနဲ့ .. ​မ​မှောင်​ခင်​ ပြန်​​တော့ .. ”


စများ​နေသလားဆိုတဲ့ အ​တွေး​တွေဟာ မန်​​နေးဂျင်းရဲ့ စိုးရိမ်​သံစွတ်​တဲ့ တိုက်​တွန်းချက်​မှာ ​ပျောက်​ရှတယ်​ .. ၊၊

အခုမှ သတိထားမိတယ်​ ..  ၊၊
မန်​​နေးဂျင်းဟာ အခုထိ မ​နေ့က၀တ်​စုံနဲ့ရှိ​နေဆဲ ..  ၊၊


“ မဟုတ်မှ .. ​မန်​​နေးဂျင်း ညက အိမ်​မပြန်​ဘူးလား .. ”

“ ... ”

“ အခုပြန်​လိုက်​မလား .. ဒါရိုက်​တာအစည်းအ​ဝေးက ဆယ်​နာရီမှစမှာဆို​တော့ အချိန်​ရ​သေးသားပဲ .. ”

“ မိုး​တောင်​ လင်းသွားမှကိုး .. ​နေပါ​စေ​တော့ .. ”


အသန့်​ကြိုက်​လွန်းပြီး အမြဲတ​စေ သပ်​ရပ်​​ကြော့ရှင်း​နေတတ်​တဲ့ မန်​​နေးဂျင်းက .. အခုလိုမျိုး ဖြစ်​သလိုကြီး ​နေ​နေတာ​တွေ့ရ​တော့ လုလုက သက်​ပြင်းချတယ်​ ..  ၊၊

ᴛʜᴀᴛ ʙᴏʏ 「ᴄᴏᴍᴘʟᴇᴛᴇᴅ」Where stories live. Discover now